ရှမ်းပြည်နယ်

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ရွာအနီး မြေကွက်လပ်တွင် ကျင်းပသည်။

မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကင်းဝေးရေး လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စျေးရောင်းသူ ဝယ်သူများအား မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးရေးနှင့် မီးလောင်မှုမီးလန့်မှု ဖြစ်ပွားပါက လက်တွေ့ မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယနေ့နေ့လယ် ၁၂ နာရီက အဆိုပါ မြို့မစျေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ အစားထိုးသီးနှံမျိုးစေ့နှင့် ပျိုးပင်များ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အစားထိုးသီးနှံမျိုးစေ့နှင့် ပျိုးပင်များ ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ ကျိုင်းတုံတွင် ကျင်းပ

ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၉ ရက်က ကျိုင်းတုံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချော‌ချောစိန်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးမည့် နည်းပြများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မိုင်းပျဉ်းမြို့ အထကကျောင်း ‌ခြံစည်းရိုးအုတ်နံရံနှင့် နှစ်တစ်ရာနီးပါးသက်တမ်းရှိ အဆောက်အဦးအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ‌ခြံစည်းရိုးအုတ်နံရံနှင့် နှစ်တစ်ရာနီးပါးသက်တမ်းရှိ အဆောက်အဦးအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

မက်မန်းခရိုင် လမ်းဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လမ်း/တံတား လုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းနှင့်ဝန်ဆောင်မှု အိတ်ဖွင့်တင်ဒါ စိစစ်ရွေးချယ်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်လမ်းဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မက်မန်းခရိုင် လမ်းဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

နောင်ချိုမြို့နယ်တွင် အားကစားအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစားအသိပညာ‌ပေးဟောပြောပွဲကို ဇွန်လ ၁၈ ရက် နံနက် ၁၁ နာရီအချိန်က အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် စုဖွဲ့လေ့ကျင့်ခြင်းနှင့် အသင့်စုဖွဲ့ပြင်ဆင်ဆောင်ရွက်ခြင်းများ ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များနှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အရေးပေါ် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့တို့မှ စုဖွဲ့လေ့ကျင့်ခြင်းနှင့် အသင့်စုဖွဲ့ပြင်ဆင်ခြင်းများအား ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်သည်။

ကျောက်တလုံးကြီးမြို့တွင် နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို အ.မ.က ထီပုန်းနှင့် အ.လ.က (ခွဲ) နောင်ဟိုင်းကြီးကျောင်းတွင် ယနေ့နံနက် ၈ နာရီခွဲက ပြုလုပ်သည်။

ပင်လုံမြို့ရုံး Community Centre ခန်းမ၌ စာ​ပေချစ်မြတ်နိုးသူ ကျောင်းသူများ Book Club ,Youth  Club အဖွဲ့ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊ပင်လုံမြို့ရုံး Community Centre ခန်းမတွင်  စာပေချစ်မြတ်နိုးသူ ကျောင်းသားလူငယ်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်