ရှမ်းပြည်နယ်

သီပေါမြို့နယ်၌တောင်သူများအား မျိုးစေ့၊ဓာတ်မြေဩဇာနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မိုးသီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဘော်ကြိုကျေးရွာ အုပ်စုဆားတွင်းကျေးရွာတွင်ယမန်နေ့နံနက်ပိုင်းကမျိုးသန့်ပွားတောင်သူများနှင့် မိုးသီးနှံစံပြကွက် တောင်သူများအား မျိုးစေ့၊ဓာတ်မြေဩဇာနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့ အ.ထ.က(၃)၌ လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဇွန် ၁၈ ရက်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။            

နမ့်စန်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့်ဖွင့်လှစ်ခဲ့သော သင်တန်းများမှ ပေါ်ထွက်လာသည့် လုပ်ငန်းထူထောင်လိုသူများအား လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ဆောင်ရွက်ခဲ့သည်။

မူဆယ်မြို့တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ရိုက်သွင်းခြင်းအား ကွင်းဆင်းဆောင်ရွက်

အများပြည်သူတို့၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ရိုက်သွင်းခြင်း ကို အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် နောင်တရားမြို့ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ဘုရားဖြူ ကျေးရွာအုပ်စုတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ကျေးရွာအုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူလူထုများအား ယမန်နေ့နံနက် (၁၀) နာရီ အချိန်က ဘုရားမဲဘုန်းကြီးကျောင်း၌ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ၁၀ နာရီက အမှတ်(၂)အခြေခံ ပညာအထက်‌တန်းကျောင်း၌ ကျင်းပသည်။

ကလောမြို့နယ်၊ မြင်းမထိကျေးရွာအခြေခံပညာအထက်တန်း‌ကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့နှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ ၁၉ ရက်နေ့နံနက် ၁၀ နာရီက မြင်းမထိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ၂၀၂၆ခုနှစ် ဇွန်လ(၂၆)ရက်နေ့ တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်(အကြို) မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်‌ရေးရာအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

ပုံပါကျင်မြို့တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(ရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ပုံပါကျင်) တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း စာသင်သားရရှိရေးအတွက် ယမန်နေ့နံနက်(၁၀)နာရီက မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အသိပညာ‌ပေးဟောပြောရှင်းလင်းခဲ့သည်။

ကျောက်မဲမြို့ “လမင်း” စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးကို နိုင်ငံသားကတ်နှင့် UID နေ့ချင်းပြီး ကွင်းဆင်းပြုလုပ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ အပြည့်အဝ ရရှိစေရန်အတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့တွင် ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာကျောင်းတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်