တန့်ယန်းမြို့နယ်တွင် စုဖွဲ့လေ့ကျင့်ခြင်းနှင့် အသင့်စုဖွဲ့ပြင်ဆင်ဆောင်ရွက်ခြင်းများ ဇာတ်တိုက်လေ့ကျင့်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များနှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အရေးပေါ် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့တို့မှ စုဖွဲ့လေ့ကျင့်ခြင်းနှင့် အသင့်စုဖွဲ့ပြင်ဆင်ခြင်းများအား ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်သည်။