ရှမ်းပြည်နယ်

ကလောမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

သစ်တောဂေဟစနစ်များ တိုးတက်လာနိုင်‌စေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်‌ရေး၊ ရာသီဥတုပြောင်းလဲလာမှုကို ရင်ဆိုင်တုံပြန်နိုင်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊‌ အောင်ပန်းမြို့အမှတ် (၂) တပ်မတော်ဆေးရုံကုတင် (၇၀၀) ဆေးရုံဝန်းတွင် ဇွန်လ ၂၁ ရက်နေ့ နံနက် ၈ နာရီက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခဲ့ရာ ကလောတပ်နယ်မှူး၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ တပ်မ‌တော်သားများ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊‌ ဆရာ၊ ဆရာမများနှင့်‌ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟဲဟိုးမြို့ အောင်သိဒ္ဓိအ‌ထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း(လီမိတက်) အရပ်ရပ်ဆိုင်ရာအစည်းအဝေး‌ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အောင်သိဒ္ဓိအ‌ထွေထွေစီးပွားရေးလုပ် ငန်းသမဝါယမအသင်း(လီမိတက်) ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး‌ကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက သမဝါယမအသင်း၏ တည်းခိုရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့၌ အခြေခံစက်ချုပ်သင်တန်း ဖွင့်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများ ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့် စီမံကိန်းအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

မိုင်းနောင်မြို့၌ (ပထမ)အကြိမ် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၌ သစ်တောဦးစီးဌာနမှ ပြည်သူများအား သစ်တော၊ သစ်ပင်၏ တန်ဖိုးများကိုသိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို အလေးထားတတ်စေရန်၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒအကျိုးများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၇)နာရီက စူဠာမဏိ လယ်ကွင်းဘုရားပတ်ဝန်းကျင်နှင့် မိုင်းနောင်တပ်နယ်များတွင် (ပထမအကြိမ်) စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

မိုင်းသောက်အထက၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကျေးလက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာဖြစ်ထွန်းရေးအတွက် ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းက ကျင်းပပြုလုပ်မည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် (မိုင်းသောက်) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် (၂၂) ရက် နံနက် (၉) နာရီက ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ အခြေံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၊  အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မ - ၁၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင် ၊ ကွန်ဟိန်းမြို့နယ်တွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မ - ၁ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၁ ရက်၊ နံနက် ၇ နာရီခွဲက ဝမ်လုံး‌ကျေးရွာအုပ်စုရှိ နယ်မြေခံတပ်အတွင်း ပျိုးပင်ပေါင်း(၈၀၀)ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့် အလေ့ကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတနှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ဇွန်လ (၂၂) ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့နံနက် ၈ နာရီက မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာအုပ်စု၊ အောင်သံလွင်ကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်းတွင် နယ်မြေကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၆)အား ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်