ရှမ်းပြည်နယ်

မိုင်းဆတ်မြို့၌ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲရုံခင်းကျင်းခြင်း သရုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲပေးစက်ကိုင်တာဝန်ထမ်းဆောင်မည့်သူများအား မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲရုံခင်းကျင်းခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ၊ သက်တမ်းတိုးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနား ကျင်းပ

‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၆-၂ဝ၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ၊ သက်တမ်းတိုးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

နမ့်စန်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြိုနယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

မိုင်းခုတ်မြို့ ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ​ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်ပိုင်းက ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) သင်တန်းဖွင့်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်ဇင်နှင့် တပ်နယ်မှ အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများတက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၈၃) ဦးအား သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ရပ်စောက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုင်းခတ်မြို့၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး အသိပညာ‌ပေးဟောပြောပွဲ၊‌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့‌ မွန်းလွဲ (၁)နာရီအချိန်က ယန်းမိုင်(လားဟူ)ကျေးရွာ၊ လင်းရောင်ခြည်စာကြည့်တိုက်၌ အသိပညာ‌ပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျေးရွာများအရောက် မဲပေးစက်သရုပ်ပြခြင်းများ ပြုလုပ်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိုင်းရယ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များသည် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံများကို ယမန်နေ့ နံနက် (၉)နာရီမှစတင်ပြီး ကျေးရွာများအရောက် ကွင်းဆင်းသရုပ်ပြခြင်းများ ပြုလုပ်သည်။

ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ညောင်ရွှေ - ရွှေညောင်လမ်း ရေကျော်မှုဖြစ်ပွားလေ့ရှိသည့်နေရာ လမ်းတာဘောင်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ (၃)နာရီက ညောင်ရွှေမြို့နယ် ပေါရိသတ်ကျေးရွာရှိ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ညောင်ရွှေ - ရွှေညောင်ကားလမ်း (၂/၃-၃/၃.၅ မိုင်=၁/၀.၅ မိုင်) နှစ်စဉ်ရေကျော်မှုဖြစ်ပွားလေ့ရှိသည့်နေရာ လမ်းတာဘောင်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မိုင်းခတ်မြို့၊ ယန်းမိုင်(လားဟူ)ကျေးရွာ လင်းရောင်ခြည်စာကြည့်တိုက်သို့ စာကြည့်တိုက် ရှင်သန်ခိုင်မာ‌ရေး ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ယန်းမိုင်(လားဟူ) ကျေးရွာ “လင်းရောင်ခြည်” စာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်