နမ့်စန်တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ (၁၅)နှစ်အောက်နှင့် (၁၈)နှစ်အောက် အမျိုးသားအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲနှိုက် ရွေးချယ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံအသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုခွဲမဲနှိုက်ရွေးချယ်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင်ကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းကျော်နှင့် အခြေခံပညာနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြ သည်။