ရန်ကုန်တိုင်းဒေသကြီး

ကမာရွတ်မြို့နယ် လူထုအေခြပြုဗဟိုဌာန (Community Center) ခန်းမတွင် (ရ၉) နှစ်မြောက် ပြည်ေထာင်စုနေ့ အထိမ်းအမှတ်ဟောပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် (ရ၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။ 

တိုက်ကြီးမြို့နယ်တွင် မုန့်ဖို၌ ဖွဲမီးထိုးရာမှ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ယနေ့နံနက် ၇ နာရီ မိနစ် ၂၀ ခန့်က မုန့်ဖို၌ ဖွဲမီးထိုးရာမှ မီးတောက်ထွက်သဖြင့် ရေခွက်ဖြင့် ရေပက်ရာမုန့်ကြော်နေသည့် ဆီဒယ်အိုးထဲသို့ ပက်မိပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။

လမ်းမတော်မြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

 ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၌ ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် အ.မ.က ဒေးဇတ်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက အ.မ.က ဒေးဇတ်ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုန် (၁)၊ ဇုန်စီမံခန့်ခွဲ‌ရေးကော်မတီအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲကဖွင့်လှစ်ရာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် တာန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် (၇) ရက်သားသမီးများ စုပေါင်း၍ အာဟာရဒါနလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဘုရားလမ်းမနှင့် ဦးညိုလမ်းထောင့်စံပြဆေးရုံကြီးအနီး ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် ယနေ့နံနက် ၁၀ ၄၅ အချိန်တွင် ဆရာတော်ဘုရားကြီး Dr.အရှင်ဥတ္တမသာရအား အမှူးထားကာ (၇) ရက်သားသမီးများ စုပေါင်း၍ အလှူဒါနအဖြစ် ကြက်သားဟင်းဆီပြန်၊ ထမင်း၊ ဟင်းစုံနှင့် အချဥ်ရည်ဟင်းတို့အား ယနေ့နံနက်ပိုင်းက အာဟာရဒါနပြုလှူဒါန်းခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိ‌ပြီး စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ပြည်သူများနှင့် စာသင်‌ကျောင်းများအရောက် စာအုပ်များ သွားရောက်‌ဌားရမ်းပေးလျက်ရှိရာ ယနေ့တွင် အင်းစိန်မြို့နယ်‌သစ်တောဦးစီးဌာနနှင့် အ.ထ.က (၄) ကျောင်းများသို့ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

ဒလမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအ‌ထွေထွေ‌ရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများ ကြိုတင်ပြင်ဆင်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးမဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား ယနေ့နံနက် (၁၀) နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး၀န်ကြီးများက ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်  ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများအားတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရန်ကင်းမြို့နယ်၌ ရပ်ကွက်အသီးသီးရှိ သတ်မှတ်နေရာများ၌ ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပဆောင်ရွက်ရာ၌ တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများ၊ ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် မြို့နယ်ပြင်ပရောက်မဲဆန္ဒရှင်ပြည်သူများ၊ ကျောင်းသားများ၊ သင်တန်းတက်ရောက်မည့်သူများ၊ ဆေးကုသမှုခံယူမည့်သူများ၊ အရေးပေါ် ခရီးထွက်ခွာမည့်သူများက ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းမှ စတင်၍ ရပ်ကွက် အသီးသီးရှိသတ်မှတ်နေရာများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး