ရန်ကုန်တိုင်းဒေသကြီး

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း မီးလန့်မှုမီးလောင်မှုများမဖြစ်ပေါ်စေရေးအတွက် အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးသတိမူရေး အသိပညာပေးဆော်ဩခြင်း လုပ်ငန်းများကို မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ညနေ (၆) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

တာမွေမြို့နယ်တွင် မီးဘေးအန္တရာယ်သတိပြုကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်‌ပွားစေရေးအတွက် ယမန်နေ့ညနေပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်များဖြင့်လှည့်လည်၍ မီးသတိမူရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

ကမာရွတ်မြို့နယ်တွင် စုံရက်၊ မရက်ခွဲခြား၍ မော်တော်ယာဥ်မောင်းနှင်သည့် One Stop Service စနစ်ဖြင့် အရေးယူဆောင်ရွက်မည့် ပညာပေးစစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက် (၁၁) အချိန်မှစတင်၍ အမှတ် (၉) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်တွင် စုံရက်၊ မရက်ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်သည့်စနစ်အား One Stop Service စနစ်ဖြင့် အရေးယူဆောင်ရွက်မည့် ပညာပေးမော်တော်ယာဉ်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ရုပ်ရှင်ရုံဆိုင်ရာ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိ မြို့နယ်ဗွီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၌ ပုဂ္ဂလိက ရုပ်ရှင်ရုံငယ်များဆိုင်ရာ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ မြို့နယ်ဗွီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ ယနေ့နံနက် (၁၀) နာရီအချိန်က ရွှေရတနာရုပ်ရှင်ရုံသို့သွားရောက် စစ်ဆေးကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းဖွင့်လှစ်

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေး အသိပညာပေးကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် သတ်မှတ်ထားသည့် စုံရက်၊ မရက်များအလိုက် ယာဉ်များမောင်းနှင်မှု ရှိ / မရှိ အသိပညာပေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် တာမွေလေးရပ်ကွက်၊ အရှေ့မျဉ်းပြိုင်ကွင်းလမ်း၊ SKY STAR HOTEL ရှေ့၌ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ရပ်ကွက်‌ နေပြည်သူများအား တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို မတ် ၇ ရက်နေ့ နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီထိ ဆောင်ရွက်ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မီးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ စက်မှုဇုန်များတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် မီးဘေးလုံခြုံရေးအသိပညာပေးဟော‌ပြောခြင်းနှင့် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ကော်မတီရုံး ကနောင်ခန်းမတွင် ပြုလုပ်သည်။

ကမာရွတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနတွင် မီးဘေးလုံခြုံရေးအတွက် သရုပ်ပြစစ်ဆေးခြင်း ဆောင်ရွက်

မတ်လ(၁၁)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အေချမ်းစွာဖြင့် ဖြေဆိုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၀၉:၀၀) အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC) တွင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအား မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး