ရန်ကုန်တိုင်းဒေသကြီး

မရမ်းကုန်းမြို့နယ်တွင် ကိုယ်ရည်ကိုယ်သွေးအခြေပြု စိတ်လူမှုပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းရပ်များ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ ဉာဏရောင်စဉ်လူမှုပြန်လည်ဖွံ့ဖြိုးရေးအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကိုယ်ရည်ကိုယ်သွေးအခြေပြု စိတ်လူမှုပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းရပ်များ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့  ညနေ ၄ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း) မြို့နယ်တွင် မီးခိုးမြူ​ငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာ​​ပေး​ဟောပြောပွဲနှင့် စွန့်ပစ်ပစ္စည်းများအား သဘာဝ​မြေသြဇာအဖြစ် အသုံးပြုခြင်းဆိုင်ရာ လက်​တွေ့ဆောင်ရွက်

ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း)မြို့နယ်ရှိ ရှမ်းတဲကြီး အ​ရှေ့ပိုင်းကျေးရွာတွင် မီးခိုးမြူ​ငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာ​​ပေး​ဟော​ပြောပွဲနှင့် စွန့်ပစ်ပစ္စည်းများအား သဘာဝ​မြေသြဇာပြုလုပ်၍ ပြန်လည်အသုံးပြုခြင်းဆိုင်ရာ လက်​တွေ့​ဆောင်ရွက်ခြင်းတို့အား မတ်လ ၄ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ်အချိန်က ​ဆောင်ရွက်ခဲ့ရာ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရွာ​သူ/ရွာသားများ တက်ရောက်ခဲ့သည်။

ကျောက်တံတားမြို့နယ်၌ အခြေခံကွန်ပျူတာသင်တန်းနှင့် ပန်းချီသင်တန်းများ အခမဲ့ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းနှင့် ပန်းချီပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဖွင့်လှစ်ခဲ့သည်။ ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ရွှေက သင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် Book Club အဖွဲ့ဥက္ကဋ္ဌ ညွန့်ညွန့်(ကလော)နှင့် ပန်းချီဆရာမ မြရည်နန္ဒာတို့က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

ကော့မှူးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံ​တေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာလာသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် (၃၈) ဖြာမင်္ဂလာ နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် (၃၈) ဖြာမင်္ဂလာ နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ဘာသာရေး၏ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန် ရည်ရွယ်၍ အခမဲ့သင်တန်းကို အမှတ် (၄)ရပ်ကွက်၊ အမှတ် (၉) အခြေခံမူလတန်းကျောင်းခန်းမတွင် ယနေ့ နံနက်ပိုင်း ကအချိန်က ဖွင့်လှစ်ခဲ့သည်။

ဒဂုံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကော့မှူးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်ခြင်းနှင့် ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များကျန်ရှိမှုမရှိစေရေး လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ည ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေး နှိုးဆော်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲ ကျင်းပ

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတပွားများစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ အခမဲ့သင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်လုံးဆိုင်ရာ (သတ္တမအကြိမ်) ဂိုဏ်းပေါင်းစုံသာသနပါလစာမေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ ဂိုဏ်းပေါင်းစုံသာသနပါလစာမေးပွဲအား သတ္တမအကြိမ်မြောက် ဖြေဆိုခြင်းအား ကျိုက္ကစံဆံတော်ရှင်စေတီရင်ပြင်တော်၌ ၂၀၂၆ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး