မန္တလေးတိုင်းဒေသကြီး

မတ္တရာမြို့နယ်၌ ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးအကဲဖြတ်စစ်ဆေး

ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) နှစ်ဆုံးအကဲဖြတ်စစ်ဆေးခြင်းကို မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အမှတ်(၅) ရပ်ကွက်ရှိ အ.ထ.က(စလွန်ဖြူ) (မြမြင့်ရ်အခြေစိုက်စခန်း)တွင် ယနေ့ နံနက် ၉ နာရီက စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

နိုင်ငံစိးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် နွေစပါးမျိုးစေ့ထုတ် ဧက ၁၀၀ စိုက်ကွင်း၌ ကောက်စိုက်စက်ဖြင့် နွေစပါး (ရေဆင်းပေါ်ဆန်း-၂)စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ နိုင်ငံစိးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် နွေစပါးမျိုးစေ့ထုတ် ဧက ၁၀၀ စိုက်ကွင်း၌ ကောက်စိုက်စက်ဖြင့်  နွေစပါး (ရေဆင်း ပေါ်ဆန်း-၂)စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားကို မတ် ၁၉ ရက်နေ့ နံနက် ၉ နာရီက  ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာရှိ ကွင်းအမှတ် ၇၄၀ ရှိ တောင်သူ ဦးဖုန်းမြင့်၏ စိုက်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

‎မဟာအောင်မြေမြို့နယ်၌ မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ပါက ဆက်သွယ်ရန် အရေးပေါ်ဖုန်းနံပါတ်များ စိုက်ထူခြင်း အခမ်းအနားကျင်းပ

‎မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊သံလျက်မော်အရှေ့ ရပ်ကွက်အတွင်း လူစည်းကားရာနေရာများ၌ မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ပါက ဆက်သွယ်ရန် အရေးပေါ်ဖုန်းနံပါတ်များ စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Essay and Letter ရေးနည်းသင်တန်းဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာရေးသားရာတွင် ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် Essay and Letter ရေးနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၆ ရက်နေ့‌ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်း‌ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သည့် “အန္တရာယ်ဖြစ်နိုင်‌ခြေ သတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်း”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ကျင်းပသည်။

ပြည်ကြီးတံခွန်မြို့နယ် (က)ရပ်ကွက်၌ လျှပ်စစ်ပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ၁၁၃လမ်း၊ ၇၂(A)လမ်းဒေါင့်၊ (က) ရပ်ကွက်၌ ယနေ့ နံနက် ၆ နာရီ ၃၈မိနစ်က လူနေအိမ်အဆောက်အဦအောက်ထပ်ရှိ လျှပ်စစ်ပလပ်ခုံအပူလွန်ကဲ၍ ရှော့ဖြစ်ရာမှ အောက်ရှိ ပလပ်စတစ်ပုံးများပေါ်သို့ မီးပွားကျ၍ မီးလောင်မှု စတင် ဖြစ်ပွားခဲ့သည်။

ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင်  စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောင်ပံ့ငွေပေးအပ်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောင်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မဟာမြိုင်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်သည်။

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်

နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် အင်္ဂလိပ်စကားပြောသင်တန်းကို မတ် ၁၆ ရက်မှ  ၂၀ ရက်အထိ ငါးရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်သည်။

တံတားဦးခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့ဝင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီးတံတားဦးခရိုင် တံတားဦးမြို့နယ် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးဘေးသရုပ်ပြခြင်းနှင့် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ညနေ ၃ နာရီက တံတာဦးမြို့နယ် ရဲစခန်းအတွင်း ပြုလုပ်ခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားလာပါက အချိန်တိုအတွင်း အရေးပေါ်ဆောင်ရွက်ရမည့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး