မြစ်သားမြို့နယ်၌ ဒေသခံတောင်သူများ နွေနှမ်းသီးနှံ ၂၉၂၀၈ ဧကစိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရန်နှင့်ဆီ ထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စ ရန် ၂၀၂၅-၂၀၂၆ခုနှစ်အတွက် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်းသီးနှံ ၂၉၂၀၈ ဧကစိုက်ပျိုးထားပြီးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။