ဧရာဝတီတိုင်းဒေသကြီး

မြန်အောင်မြို့၌ ကမ္ဘာ့စားသုံးသူအခွင့်‌အရေးများနေ့အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ မြို့မနေခြည်ဈေးရှေ့တွင် ယမန်နေ့ နံနက်က ၂၀၂၆ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်‌အရေးများနေ့ “World Consumer Rights Day”အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပြည်သူများထံသို့ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် စက်သုံးဆီချွေတာသုံးစွဲရေး စုံ၊ မ ရက်ခွဲ၍ မော်တော်ယာဉ်များ မောင်းနှင် ရန်နှင့် စက်သုံးဆီဆိုင်များ စုံ၊ မ ရက်/ယာဉ် ခွဲခြား၍ ရောင်းချစေရေး အသိပညာပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေး-စက်ဆန်းလမ်းဆုံအနီး ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲမှု ကော်မတီရုံးရှေ့တွင် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ဖြတ်သန်းသွားလာကြသည့် မော်တော်ဆိုင်ကယ်များ အပါအဝင် မော်တော်ယာဉ်မောင်းနှင်ကြသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သည့် စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးရေးကော်မတီဝင်များက စက်သုံးဆီချွေတာသုံးစွဲနိုင်ရေးအတွက် မော်တော်ယာဉ် နံပါတ်များအား စုံ၊ မခွဲ၍ စုံရက်၊ မရက်အလိုက် မောင်းနှင်ကြရန် ယနေ့မတ်လ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ အသိပညာပေးကာလအဖြစ်သတ်မှတ်ပြီး အသိပညာပေးကာလ ကျော်လွန်ပါက အငှားယာဉ်များ၊ အများသုံးယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များမှအပ လိုက်နာ ဆောင်ရွက်မှုမရှိသူများအား ဥပဒေအရအရေးဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေး လမ်းညွှန်မှာကြားဆောင်ရွက်ကြသည်။

ကြံခင်းမြို့နယ်၌ ငြိမ်းထက်လင်း မူလတန်းကြိုကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စု၊ အင်းကောက်ကျေးရွာ၊ အခြေခံပညာမူတန်းကျောင်းရှိ အစည်းအဝးခန်းမ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် ငြိမ်းထက်လင်း မူလတန်းကြိုကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊  ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

မြောင်းမြမြိုနယ်တွင် တောင်ပေါ်စုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြိုနယ်၊ တောင်ပေါ်စုကျေးရွာတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဆငနှင့် သိလ္လာချောင်းဖျား ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပဆငနှင့်သိလ္လာချောင်းဖျား ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့်စာစစ်မှူးများ၏ ထပ်ဆင့်ရှင်းလင်းပွဲ မြန်အောင်တွင် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပညာရတနာခန်းမတွင် ယနေ့နံနက်က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် စာစစ်မှူးများ၏ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ (၂၇၆) ဦး တက်ရောက်ခဲ့ကြသည်။

ငွေဆောင်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် အ.ထ.က(ငွေဆောင်) စာစစ်ဌာနအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅-၂၀၂၆  ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၆  ခုနှစ် ၊ မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အ.ထ.က( ငွေဆောင်)စာစစ်ဌာနအား မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

အိမ်မဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)၌ ပါဝင်ဆောင်ရွက်ပေးသူများအား ချီးမြှင့်ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့က ကျင်းပခဲ့ရာ ရွေးကောက်ပွဲမတိုင်မီ၊ ကျင်းပနေချိန်နှင့် ကျင်းပပြီးချိန်များတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသော ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲပေးစက်များအား installation ဆောင်ရွက်ပေးသူများအား ချီးမြှင့်ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့သည်။

ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီ(အခမဲ့) အခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့မအားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ၊ အားကစားချစ်မြတ်နိုးကြသော ပရိသတ်များ စုစုပေါင်း ၁၅၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး