မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်ပြည်သူ့ဆေးရုံ၌ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့ တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်/မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များပူးပေါင်း၍ ကလောခရိုင်ပြည်သူ့ဆေးရုံအတွက် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။