အမြို့မြို့အနယ်နယ်သတင်းများ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၄) ကြိမ်မြောက် ကျပန်းစကားပြောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ဗဟန်းမြို့တွင် ပြုလုပ်

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင့်ရေးအသင်း (ဗဟို)မှ ကြီးမှူးပြီး ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၄) ကြိမ်မြောက် ကျပန်းစကားပြောပြိုင်ပွဲဆုပေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ကျောက်ဆည်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင် လူငယ်ရေးရာကော်မတီကကြီးမှူး၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်) ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် လက်တွေ့မီးငြှိမ်းသတ်နည်းနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းနှင့် အသိပညာပေးဟောပြောပွဲကို ဇွန်လ (၂၄) ရက်နေ့ နံနက် (၉) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ပင်လောင်းမြို့နယ် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းပတ်ဝန်းကျင်သာယာလှပစေရေးနှင့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာပညာသင်ယူနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၇ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၁)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရင်းမှီးကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဌာနဆိုင်ရာများမှ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရင်းမှီးကျောင်း၌ ဇွန် ၂၃ ရက်နေ့က ပြုလုပ်သည်။

နည်းပညာတက္ကသိုလ် (တောင်ငူ)၌ အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နည်းပညာတက္ကသိုလ် (တောင်ငူ)၊ ဘက်စုံသုံးခန်းမ၌ တောင်ငူမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ် (တောင်ငူ)တို့ ပူးပေါင်း၍ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

နတ်မောက်မြို့နယ် စည်သာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (၁၂) ကြိမ်မြောက် စက်ဝန်း ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုဖွံဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့် ကျေးလက်ကွာဟမှုလျော့နည်းလာစေရေးအတွက်ရည်ရွယ်၍ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက စည်သာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ( ၁၂) ကြိမ် စက်ဝန်းထုတ်ချေးပေးခဲ့သည်။

မက်မန်းမြို့ Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက မက်မန်းခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နည်းပညာတက္ကသိုလ် (တောင်ငူ)၌ အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နည်းပညာတက္ကသိုလ် (တောင်ငူ)၊ ဘက်စုံသုံးခန်းမ၌ တောင်ငူမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ် (တောင်ငူ)တို့ ပူးပေါင်း၍ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

မူဆယ်မြို့၊ Little Genius ကိုယ်ပိုင်ကျောင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းကို မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ Little Geinus ကိုယ်ပိုင်ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ