တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြိတ်မြို့ မြို့မအားကစားကွင်းတွင် ဘောလုံးကွင်းအသစ် မြေနေရာတိုးချဲ့ ရွှေ့ပြောင်းဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မတ် ၂၆ နံနက် ၁၁ နာရီက မြိတ်မြို့ မြို့မအားကစားကွင်းတွင် ဘောလုံးကွင်းအသစ် မြေနေရာတိုးချဲ့ ရွှေ့ပြောင်းရန်အတွက် မြေနေရာရှင်းလင်းခြင်း၊ ဘောလုံးကွင်း တည်ဆောက်ခြင်းနှင့် အားကစားကွင်းခြံစည်းရိုး ကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။