ဖြူးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုပေး
ရက်(၁၀၀)စီမံချက်ဖြင့် အသက်(၃၅)နှစ်မှ(၆၅)နှစ်ထိ အိမ်ထောင်သည် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းကို ဇွန်လ(၂၃)ရက်နေ့၊ မွန်းတည့် (၁၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ် ခုတင်(၁၀၀)ဆံ့ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။