အမြို့မြို့အနယ်နယ်သတင်းများ

အစိုးရနည်းပညာအထက်ကျောင်း(ကျောက်ဆည်)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) တွင် ကျောင်းသား၊ကျောင်းသူများ ယာဉ်မောင်းသူများလိုက်နာရန်အချက်များ သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဘက်စုံသုံးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်ရှိ ဆေးရုံများတွင် ဆေးရုံကူးစက်ရောဂါ ထိန်းချုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံများတွင် ဆေးရုံကူးစက်ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီမြို့တွင်  ကျောင်းသား၊ ကျောင်းသူ ၂၀၀၇ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ် မြဝတီမြို့တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ပြားများပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၂၆ ရက် နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးရဲလင်းမောင်က  အမှာ စကားပြောကြားသည်။

ဥတ္တရခရိုင်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ဇွန် ၂၄ ရက်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပသည်။

ကြံခင်းမြို့၊ အ.ထ.က(၁)၌ အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကွင်းဆင်း ဆောင်ရွက်ပေးခြင်း အခမ်းအနားကျင်းပ 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ကျော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ မပြုလုပ်ရသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်း အခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ပြုလုပ်သည်။

ကာမိုင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို   ဇွန် ၂၄ ရက် မွန်းလွှဲ (၁) နာရီက အ.ထ.က ကာမိုင်းနှင့် အ.ထ.က (ခွဲ) မြို့မ -၂ ကျောင်းတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်(တောင်ပေါ်)တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်(တောင်ပေါ်)တွင် အသက်(၁၀)နှစ်နှင့် အထက် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ဇွန် ၂၄ ရက်နေ့နံနက်(၁၁)နာရီက ဟိုဆိုင်ကျေးရွာအုပ်စု၊ ပါနိမ့်ကျေးရွာ၊ ဝမ်ကန်နယ်မြေ၊ အောင်မင်္ဂလာသိဒ္ဓိ ဘုန်းတော်ကြီးသင်ပညာရေးအလယ်တန်းကျောင်း(တွဲ)၌ ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ်၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများထံ ဇွန် ၂၅ ရက် နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဗဟန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား UID ကတ် ကွင်းဆင်းဆောင်ရွက်ပေး

အစိုးရသစ်၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ဗဟန်းမြို့နယ်ရှိ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား UID ကတ် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် အ.လ.က (၃) ကျောင်း၌ ကျင်းပသည်။

ပုဇွန်တောင်မြို့နယ်၌ ရက်(၁၀၀)စီမံချက် မဟာဗန္ဓုလလမ်းတစ်လျှောက် (ဗိုလ်မြတ်ထွန်းလမ်းနှင့် စန္ဒကူးလမ်းကြား)ရှိ အမြင်မတင့်တယ်‌သော Wi-Fi ကြိုးနှင့် လျှပ်စစ်မီးကြိုးများ စနစ်တကျရှိစေရေး ဆောင်ရွက်

အစိုးရသစ် ရက်(၁၀၀)စီမံချက်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း အမြင်မတင့်တယ်သော ဆက်သွယ်ရေး WiFi ကြိုးများနှင့် လျှပ်စစ် မီးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန် ၂၁ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ