အမြို့မြို့အနယ်နယ်သတင်းများ

မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များမှ  မွေးကင်းစကလေးနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးရုံအခြေပြု အသက်၂နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင်  ထိုးနှံပေးခဲ့ရာ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များမှ ကလေးငယ် ၈၉၂ ဦးနှင့် ကိုယ်ဝန်ဆောင် ၁၁၃ ဦးတို့ လာရောက် ထိုးနှံခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို   တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထူအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

ဝမ်းတွင်းမြို့နယ်၌  ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေး ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး   လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၉နာရီခွဲက  ပြည်သူ့ဆေးရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကျောက်ဆည်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်နှင့်ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ၂၀၂၆ ခုနှစ်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအဖြစ် စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ်၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေး 

မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေးအသိပညာပေးဟောပြောပွဲကို ချမ်းအေးသာစံမြို့နယ် ချမ်းအေးငွေစုငွေချေးသမဝါယမအသင်းလိမီတက် အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ကျင်းပသည်။

ကော့ကရိတ်မြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်ပနိုင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြု 

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့မွှန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက် မိုးလုံလေလုံမြို့မအားကစားရုံး၌ ကျင်းပသည်။

သထုံမြို့နယ်၌ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျို‌က္ကော်ရပ်ကွက် တမံကြီးရှိ သုခါရာမ(မွန်)ကျောင်း၌ ဖေဖော်ဝါရီလ  ၂ ရက် နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ချမ်းအေးငွေစုငွေချေးသမဝါယမအသင်းလိမီတက် အစည်းအဝေးခန်းမ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တောင်ငူမြို့နယ်အတွင်း ပြည်ပပို့ကုန်တန်ဖိုးမြင့် ပေါ်ဆန်းမွှေး စပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းပေးခဲ့သည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအသိပညာပေး ဟောပြောပွဲ၊ပြပွဲနှင့်ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  ပြည်သူ့စာကြည့်တိုက်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအသိပညာပေးဟောပြောပွဲ၊ပြပွဲနှင့်ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၁နာရီက ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ