စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကယားပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)လောဓမ္မ၌ ကျင်းပပြုလုပ်ခဲ့သည်။