သတင်းများ

ပလောက်မြို့၌ ဒို့အတူတူမဲပေးကြစို့ လှုံ့ဆော်ရေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
Dec 12,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၈ နာရီခွဲက ပလောက်မြို့ စည်ပင်သာယာစျေးကြီးအရှေ့ ထားဝယ်-မြိတ် ကားလမ်းမကြီးလူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
‎မဟာအောင်မြေမြို့နယ် သံလျှင်မှော်အရှေ့ရပ်ကွက်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများကို ထောက်ပံ့ငွေများပေးအပ်
Dec 12,2025
‎မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်၊ သံလျှင်မှော်အရှေ့ရပ်ကွက် အဝေရာရာ မရန်ကင်းကျောင်းအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများကို ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးပြိုင်ပွဲများ ပြုလုပ်
Dec 12,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်နှင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 12,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းသည် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်
Dec 12,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာ  ၁၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ဆောင်ရွက်လျက်ရှိသည်။
ဟိုပုံးမြို့နယ်၌ နောင်တောင်း အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Dec 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများ ရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအား အရင်းအမြစ်ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ် စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင် ဦးရွက်ပြုသူများဖြစ်စေရန်ရည်ရွယ်၍ စာဖတ်ရှန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က လွယ်အွန့်ကျေးရွာအုပ်စု၊ နောင်တောင်းကျေးရွာရှိ နောင်တောင်း အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်သည်။
ကိုကိုးကျွန်းမြို့နယ်၌ “ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ပြည်သူများ လက်ဝယ်အ‌ရောက် ဆက်လက်ဖြန့်ဝေ
Dec 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်မဲပေးနိုင်ရေး “ဒို့အတူမဲ‌ပေးကြမယ်” ရွေးကောက်ပွဲလှုပ်ဆော်လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာတွင် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုမဲရုံများသို့ ကွင်းဆင်းဆောင်ရွက်
Dec 12,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုမဲရုံများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။