မြဝတီမြို့နယ်အတွင်းရှိသမဝါယမကဏ္ဍအလိုက် အကောင်အထည် ဖော်နိုင်ရေးဆွေးနွေး
Jun 08,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်နှင့် မြဝတီမြို့နယ်အတွင်းရှိသမဝါယမကဏ္ဍအလိုက် အကောင်အထည် ဖော်နိုင်ရေးအတွက် မြဝန်ဆောင်မှုသမဝါယမအသင်းနှင့်ဂျီအီးစီ ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းသားများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီက မြဝန်ဆောင်မှု သမဝါယမအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။