သတင်းများ

မုဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လူထုလှုပ်ရှားမှုဆောင်ရွက်
Jun 08,2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လူထုလှုပ်ရှားမှုကို ယနေ့နံနက် ၉ နာရီက ရပ်ကွက်/ ကျေးရွာများ၌ ဆောင်ရွက်သည်။
ကိုကိုးကျွန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သော အဖွဲ့ဝင်များက ကိုကိုးကျွန်းမြို့နယ်ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်းကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။
မိုင်းရယ်မြိုနယ် အမက (ခိုဆိုင်း) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဉီးစီးဌာန၊ အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အခြေခံပညာမူလတန်းကျောင်း (ခိုဆိုင်း) ကျေးရွာတွင် ပြုလုပ် သည်။
ကျိုက်ထိုမြို့နယ်တွင် မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ကို ကျင့်သုံးတတ်စေရန် လိုက်လံဆောင်ရွက်
Jun 08,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွား‌စေရေး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များရှိရေတွင်း၊ ရေကန်များသို့ သွားရောက်၍ အဘိတ်ဆေးများ ခတ်ကာ ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ကို ကျင့်သုံးတတ်စေရန် ယနေ့နံနက်ပိုင်းတွင် လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား မျက်စိကျန်းမာရေးစစ်ဆေးပေး
Jun 08,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အောင်သုခရပ်ကွက် အခြေခံပညာမူလတန်းလွန် (သခင်မြ) စာသင်ကျောင်းတွင် ရက် (၁၀၀) စီမံ ချက်ဖြင့် ကျောင်းသား ကျောင်းသူများအား မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ပေးခဲ့သည်။
သထုံမြို့နယ်၌ လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်လှစ်
Jun 08,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းကို ယနေ့နံနက်ပိုင်းက သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ် ထုတ်ပေးနေမှုအား ကြည့်ရှုအားပေး
Jun 08,2026
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ် ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံး နှင့် လောင်းလုံးမြို့နယ် ဦးစီးမှူးရုံးများမှ  ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက် ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး နှင့် တိုင်းဒေသကြီးဝန်ကြီးများက  လိုက်လံကြည့်ရှုအားပေးသည်။
ဒိုက်ဦးမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jun 08,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေပိုင်းက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။