ညောင်ဦးမြို့၌ မဲရုံများနှင့်မဲရုံပတ်ဝန်းကျင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Dec 12,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး၊ ဦးမင်းသိမ်းထွန်း ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များသည် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ တောင်ဘီ ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြင်းကပါကျေးရွာအရန်မီး သတ်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီက ညောင်ဦးမြို့၊ ပုဂံမြို့ရှိ မဲရုံများနှင့်မဲရုံပတ်ဝန်းကျင် မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။