သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 12,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ မဟာဗန္ဓုလ(၁၁)လမ်းထိပ်တွင် “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူပြီး လူစည်ကားရာနေရာများတွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေမှုကို ယနေ့နံနက် ၉ နာရီ ၃၀ က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစု ဘက်စုံခြံ၌ ရုရှားနေကြာမျိုး စမ်းသပ်စိုက်ပျိုးရန် ထယ်ရေးပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်
Dec 12,2025
သမဝါယမဦးစီးဌာနအနေဖြင့် ရုရှားနေကြာမျိုး (၃)မျိုး စမ်းသပ်စိုက်ပျိုးခြင်းကို တိုင်းဒေသကြီး/ပြည်နယ်(၄)ခုတွင် (၁၅)ဧကစီ စမ်းသပ်စိုက်ပျိုးဆောင်ရွက်မည်ဖြစ်ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းစံပြကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစု၊ ဘက်စုံခြံ၌ ရုရှားနေကြာမျိုး(၁၅)ဧက စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက်
မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ဆိုင်းဘုတ်တင်ပွဲကျင်းပ
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၀၀) နာရီအချိန်က မြကန်သာ ရပ်ကွက်၊ အ.ထ.က (၃) ကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနနှင့်အတူ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၁)နာရီက မြို့မဈေးကြီး၏ မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
နမ့်စန်မြို့ အ.ထ.ကကျောင်းတွင် စားပွဲတင်တင်းနစ်နှင့် ဘက်စကက်ဘောပြိုင်ပွဲကျင်းပ
Dec 12,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ကျောင်းသား၊ ကျောင်းသူများ ပညာရေးတွင်သာမက အားကစားကဏ္ဍ အသီးသီးတွင်ပါ ထူးချွန်ထက်မြက်စေရန်ရည်ရွယ်၍ ကျောင်းတွင်းအားကစားပြိုင်ပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘက်စကက်ဘောပြိုင်ပွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” လှုံဆော်လှုပ်ရှားမှုဆောင်ရွက်
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၂၀၂၆ ခုနှစ် ယမန်နေ့တွင် ကျင်းပြုလုပ်မည်ဖြစ်ရာ အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူတစ်ရပ်လုံး ပါဝင်မဲပေးနိုင်ရေး လှုံဆော်သည့်အနေဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ယနေ့နံနက်(၈)နာရီခွဲအချိန်၌ “ဒို့အတူတူမဲပေးကြမယ်” လှုံ့ဆော်လက်ကမ်းစာစောင် အစောင်ရေ(၁၅၀၀)အား မြို့နယ်တွင်းရှိ လူစည်ကားရာ အရပ်များတွင် ဖြန့်ဝေခဲ့ကြသည်။
အမာမြို့၌ ဒို့အတူ မဲပေးကြမည် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ရည်ရွယ်ချက်ဖြင့် ဒို့အတူမဲပေးကြမည် သတင်းစကားလက်ကမ်း စာစောင်များအား ယနေ့နံနက် ၇ နာရီက အမာမြို့ဈေး၊ လူစည်ကားရာနေရာများနှင့် ရက်ကွက်များအတွင်းသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် တက်ရောက်နေသော သင်တန်းသားသင်တန်းသူများ၏ အထူးနေ့လယ်စာစားပွဲအခမ်းအနားသို့တက်ရောက်
Dec 12,2025
မန္တလေးတိုင်းဒေသကြီး နိုင်ငံဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် တက်ရောက်နေသော အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၄)နှင့် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၂)တို့တွင် တက်ရောက်နေသော သင်တန်းသားသင်တန်းသူများ၏ အထူးနေ့လယ်စာ စားပွဲအခမ်းအနားကိုဒီဇင်ဘာလ ၁၁ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ဇီးပင်ကြီး ကျေးရွာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ရှိ ယောမင်းကြီးစားရိပ်သာတွင် ကျင်းပသည်။