သတင်းများ

ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးတွင် Test Kit ဖြင့် စစ်ဆေးရာ ဂိတ်ယာဉ်နောက်လိုက်တစ်ဦး၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ
Dec 08,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ နေ့စဉ်စစ်ဆေးလျက်ရှိရာ ဒီဇင်ဘာ ၇ ရက်နေ့နံနက်ပိုင်းတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၃ ဦးကို Test Kit ဖြင့် စစ်ဆေးရာမှ ကလေးမြို့မှ တီအိုချောင်းသို့ ကုန်စည်ပစ္စည်းများနှင့် ကွမ်းသီးများပို့ဆောင်မည့်ကုန်တင်ကား၏ ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
ဝေါမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 08,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ် (၇)ကို ဝေါမြို့မဈေးနှင့် ပျံကျဈေးတို့၌ ယနေ့ နံနက်ပိုင်းက အသိပညာပေး ဖြန့်ဝေပေးခဲ့သည်။
မိုးညှင်းမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ(၄)ဦး တွေ့ရှိ
Dec 08,2020
ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါရှိ/မရှိ Test Kit ဖြင့် နေ့စဉ်စစ်ဆေးခြင်းကို ပင်လုံကျေးရွာအုပ်စု၊ မော်ဟဲကျေးရွာအနီးတွင် ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာလ ၇ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ကုန်တင်ယာဉ်မောင်း(၃)ဦးနှင့် ယာဉ်နောက်လိုက် ၁ ဦးတို့တွင် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းခံ မထွက်ရသည့် ဘုန်းကြီးကျောင်းများ ဆွမ်းကိစ္စပြေလည်စေရန် ကျောက်မဲ လူငယ်ပရဟိတအဖွဲ့က ဒုတိယ အကြိမ်အဖြစ် ဆန်၊ ဆီ နှင့် ဟင်းချက်စရာများ သွားရောက်လှူဒါန်း
Dec 08,2020
ကိုဗစ်၁၉ ကာလအတွင်း ဆွမ်းခံ မထွက်ရသည့် ဘုန်းကြီးကျောင်းများ ဆွမ်းကိစ္စ ပြေလည်စေရန် အတွက် ကျောက်မဲ လူငယ်ပရဟိတအဖွဲ့က မြို့သူမြို့သားများထံ ဆန်၊ ဆီ၊ ဟင်းချက်စရာနှင့် လှူဘွယ်ပစ္စည်းများကို အများ သူငှာထံ အလှူခံ၍ ဒုတိယ အကြိမ်အဖြစ် ယမန်နေ့က ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းသို့ တဆင့်ပြန် လည် လှူဒါန်းမှုပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများထံအခမဲ့ဖြန့်ဝေ
Dec 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့မဈေးကြီး အတွင်း ဈေးရောင်း၊ ဈေးဝယ်သူ များ၊ ဆိုက္ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ သင်္ဘောဆိပ်နှင့် လူအများသွားလာရာ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်ဖြန့်ဝေပေးခဲ့သည်။
ရွာသစ်မြို့၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းဆောင်ရွက်
Dec 08,2020
၂၀၂၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇) ကို ကယားပြည်နယ်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွာသစ် မြို့ရှိ ‌‌ဈေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ လမ်းသွားလမ်းလာနေရာများ၊ လူစည်ကားရာ နေရာများ၊ ကျေးရွာများတွင် လိုက်လံဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မတူပီမြို့ ငလိုင်ကျေးရွာ၌ မဟာဓာတ်အားလိုင်း မီးလင်းရေးအောင်ပွဲ အခမ်းအနားကျင်းပ
Dec 08,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ မဟာဓာတ်အားလိုင်းမီးလင်းရေး အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ငလိုင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့နယ် စင့်ကင်ကျေးရွာလူထုအင်အားဖြင့် ပေ(၁၇ဝဝ)ရှိ တာပိန်မြစ်ကူးတံတားကို သစ်ဝါးအသုံးပြု၍ နေ့ချင်းပြီး စုပေါင်းဆောင်ရွက်
Dec 08,2020
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင့်ကင်ကျေးရွာ ပြည်သူလူထု၏ စုပေါင်းအင်အားဖြင့် တာပိန်မြစ်ကူးတံတားကို အရှည်ပေ(၁၇ဝဝ)ကို ဒီဇင်ဘာ ၅ ရက်နေ့က နေ့ချင်းပြီး စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။