ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Dec 03,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြတ်ဝင်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ(၁)ရက်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စုအတွင်းရှိ အဝေရာဆည်နှင့် အဝေရာရှုခင်းသာ အပန်းဖြေစခန်းဝန်းကျင်တွင် ပလတ်စတစ်ညစ်ညမ်းမှုများဖြစ်ပေါ်နေသဖြင့် အပန်းဖြေစခန်း ဝန်းကျင်တွင် ရောင်းချလျက်ရှိသော ဈေးဆိုင်ငယ်များ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေရန် လာရောက်သော အများပြည်သူတို့အား covid -19ရောဂါ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများနှင့် ပလတ်စတစ်ညစ်ညမ်းမှု အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။