လားရှိုးတွင် ကိုဗစ်(၁၉)ရောဂါပိုးအတည်ပြု လူနာများ၌ သက်တော်(၉)နှစ်ရှိ ကိုရင်တစ်ပါးပါဝင်
Dec 03,2020
လားရှိုးမြို့ရှိ Facility Quarantine နှင့် Hotel Quarantine တွင် အသွားအလာကန့်သတ် ထားရှိသူ(၉၈)ဦးနှင့် ကိုရင်(၁၄)ပါးတို့အား လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဒီဇင်ဘာ(၁) ရက်နေ့က အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့ကို မူဆယ်မြို့ရှိ ကျန်းမာရေးဓါတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးရာ ယမန်နေ့ ညနေ(၅)နာရီခွဲအချိန်ထွက်ရှိလာသော အဖြေရလဒ်များအရ လားရှိုးမြို့ ပညာရေးကောလိပ်တွင်ဖွင့်လှစ်ထားသော Facility Quarantine Center မှ ကိုရင်(၁)ပါးတွင် COVID-19 ရောဂါပိုး တွေ့ရှိ(တွေ့ရှိ)ခဲ့ရသည်ဟု လားရှိုးမြို့နယ် ကိုဗစ်(၁၉)ရောဂါတားဆီး ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးအာကာလင်းထံကသိရှိရသည်။