သတင်းများ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ မွေးစမှတစ်နှစ်ခွဲ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Dec 03,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ မွေးစမှ တစ်နှစ်ခွဲ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယနေ့နံနက်ပိုင်းအချိန်မှစ၍ ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား
Dec 03,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်မြို့မ(၄)ရပ်ကွက်၊ စိန်ချယ်လမ်းသွယ်တွင် နေအိမ်တစ်လုံး ယနေ့နံနက်၉နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
ကန်ပက်လက်မြို့၌ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (DMO)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် နေရာသစ် (၂)ခုအား ကွင်းဆင်းကြည့်ရှု
Dec 03,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (DMO)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က သဘာဝအခြေခံ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် နေရာသစ်(၂)ခုအား ၂၀၂၀ပြည့်နှစ် ယမန်နေ့က ကွင်းဆင်းကြည့်ရှု ခဲ့ကြသည်။
ပုသိမ်-ငွေဆောင်ကားလမ်းဘေး၌ တောဆင်ရိုင်းနင်းခံရ၍ လူတစ်ဦး သေဆုံး
Dec 03,2020
ပုသိမ်-ငွေဆောင်ကားလမ်းဘေး မိုင်တိုင်အမှတ် ၁၈ မိုင် ၆ ဖာလုံနေရာအနီးရှိ ချောင်းသာသစ်တောကြိုးဝိုင်းတွင် ယမန်နေ့နံနက် ၅ နာရီ အချိန်ခန့်က ဆင်နင်း၍ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
မိုင်းယောင်း၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်
Dec 03,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်တို့ကို ဒေသခံပြည်သူများအား အသိပညာ ပေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၆)ဉီးထပ်မံဝင်ရောက်
Dec 03,2020
တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊လောက်ကိုင် မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ် ဝင်ရောက် လျက်ရှိရာ ယမန်နေ့ နံနက်(၆)နာရီမှ ညနေ (၆)နာရီအချိန်အထိ နေရပ်ပြန်ပြည်သူ(၁၆)ဉီး ထပ်မံ ဝင်ရောက် လာခဲ့သည်။
မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 03,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။