သတင်းများ

မရမ်းကုန်းမြို့နယ် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား တာဝန် ရှိသူများကြည့်ရှု
Dec 03,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အသက်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၇) ရပ်ကွက်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးလျက်ရှိသည်။
မိုးမောက်မြို့မစျေး အတွင်း/အပြင် စျေးရောင်းသူ/စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Dec 03,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် လျက်ရှိရာ ပြည်သူများ စျေးရောင်း/ဝယ်ပါက Maskများ တပ်ဆင်ပြီး သွားလာနိုင်ရန်ရည်ရွယ်၍ မြို့မစျေး အတွင်း/အပြင် စျေးရောင်းသူ/စျေးဝယ်သူများ အတွက် ယနေ့ နံနက် ၇ နာရီခန့်က နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့တွင်သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်
Dec 03,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀) မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသော နေရပ်ပြန်ကျား(၄၃)ဦးနှင့်မ(၃၉)ဦး စုစုပေါင်း(၈၂)ဦး ရောက်ရှိလာရာ တာဝန်ရှိ သူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေး ကြောင်း သိရသည်။
ပြည်မြို့၊ ခေတ္တရာမြို့သစ် ဈေးအတွင်း ရောင်းချသော စားသောက်ကုန်များတွင် Formalin ပါဝင်ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
Dec 03,2020
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ပြည်ခရိုင်ရုံးခွဲ တာဝန်ခံ ဒေါက်တာ စိုးသက်နောင် ဦးဆောင်၍ မိတ်ဖက်ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက်က ခေတ္တရာမြို့သစ်ဈေးအတွင်း ရောင်းချနေသော ဈေးဆိုင်များတွင် ပြည်သူများ ဘေးအန္တရာယ်ဖြစ်စေသည့် ခွင့်မပြုအစားအသောက် ပဲသွေး/ဘဲသွေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခန္တီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဟုမ္မလင်း မြို့နယ် အတွင်း ဆောင်ရွက် လျက်ရှိသည့် ကျေးလက်လမ်း၊တံတား ဆောင်ရွက်နေမှုအား ကွင်းဆင်း စစ်ဆေး
Dec 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ခန္တီးခရိုင် ဦးစီးမှူး ဦးဆန်းမိုး၊ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ခိုင်စိုးစံ၊ ခန္တီးမြို့နယ်ဦးစီးမှူး (နည်းပညာ) ဒေါ်ဖြူဟန်နွဲ့ နှင့် ဟုမ္မလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစိုးမင်းလတ်နှင့် ဝန်ထမ်းတို့သည် ဒီဇင်ဘာ(၁)ရက်နေ့တွင် ဟုမ္မလင်း မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်သိပ္ပံကျောင်း ရေပေး၊ ရေဂါလံ (၈၀၀၀)ဆံ့ စင်မြင့်ရေတင်စနစ်ဆောင်ရွက်ထားရှိမှု၊ ကက်သာကျေးရွာအုပ်စု ကုန်ထုတ်လမ်းတွင် တံတားဆောက်လုပ်မည့်နေရာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ လိုင်မဆန်ကျေးရွာတွင် VRFP စာရင်းဇယားများ ဆောင်ရွက်ထားရှိမှု၊ နောင်လွန်ကျေးရွာတွင် CFW စီမံကိန်းဖြင့် ဆောင်ရွက် ထားသော ကျေးရွာတွင်းလမ်းအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ရုံးဝန် ထမ်းများနှင့် တွေ့ဆုံကာ ရုံးတွင်းစာရင်းဇယားများ ဆောင်ရွက်ထားရှိမှုကို စစ်ဆေးပြီး၊ လိုအပ်သည် များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှု အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေး
Dec 03,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဆံတော်ရှင်ဂေါပက ပိုင်ဈေးနှင့် ရေး- ထားဝယ်လမ်းမကြီးပေါ်တွင် ဖြန်သန်းသွားလာနေသောလမ်းသွားလာသူများနှင့် ကား၊ ဆိုင်ကယ်များတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှု အသိပညာပေး စတေကာများကပ်ပေးခြင်း နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက လိုက်လံ ကပ်ပေးခဲ့ကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်
Dec 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှိမြို့တွင် ပူပြင်း ခြောက်သွေ့ သောရာသီရောက်နေပြီဖြစိ၍ သဘာဝမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာရုံးများက ကြိုတင်ပြင်ဆင်ထားရှိမှု အခြေ အနေကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမျိုးသူဦးဆောင်ရွက်၍ ယမန်နေ့ ညနေ ၃ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်
Dec 03,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ကို ဂန့်ဂေါမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် အား/ကာဈေးတန်းရှေ့ လမ်းဆုံနေရာ၌ ယနေ့ နံနက် (၉)နာရီမှ(၁၀)နာရီအချိန်ထိ ပြုလုပ်ခဲ့သည်။