သတင်းများ

ပင်းတယမြို့နယ်ရှိ ရပ်ကွက်များ၌ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ
Aug 04,2020
ရှမ်းပြည် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် စည်ပင်သာယာ ရေးကော်မတီမှ မြို့ သန့်ရှင်း သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် စည်ပင် သာယာရေး ကော်မတီ ရန်ပုံ ငွေဖြင့် မြို့တွင်းလမ်းများအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကဏ္ဍအလိုက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် နေရပ်ပြန်(၉၀)ဦးရောက်ရှိကြိုဆိုနေရာချထား
Aug 04,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန်ကျား(၄၀)ဦးနှင့်မ(၅၀)ဦး စုစုပေါင်း(၉၀)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများကလက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။
ရှမ်းရွာသစ်-လှိုင်းဘွဲ ကားလမ်းပေါ်ရှိ တံတားမြေထိန်းနံရံနှင့် ရေလမ်းကြောင်းပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Aug 04,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့လမ်းဦးစီးဌာနက ဒေသနေပြည်သူများ ရာသီမရွေး သွားလာရလွယ်ကူစေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်-လှိုင်းဘွဲကားလမ်းပေါ်ရှိ ပေ (၃၀) တံတား မြေထိန်းနံရံနှင့် ရေလမ်းကြောင်း ပြုပြင်ရေးလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဧပြီလပထမပတ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
မန့်ဟီးရိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Aug 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် မြို့ အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်းသံဃာတော်များအား ဝါဆို သင်္ကန်းဆက်ကပ် လှူဒါန်း ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး သရက်မြို့၌မြို့ပေါ်ရှိ သာသနာ့အနွယ်ဝင် သီလရှင်(၅၈)ပါးအား ကျောင်းတိုက်များအရောက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ သွားရောက်လှူဒါန်း
Aug 04,2020
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ယမန်နေ့ နံနက်(၈)နာရီက မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သီလရှင်( ၅၈)ပါးတို့အား ဆင်ဖြူတော်ကျောင်းတိုက်ဆရာတော် ဦးဆောင်၍ အကျိုးတော်ဆောင်များက ရပ်ကွက် အသီးသီးမှ အလှူရှင်စေတနာရှင်များ စုပေါင်း၍ လစဉ်လပြည့်နေ့တိုင်းလှူဒါန်းသည့် ဆွမ်းဆန်နှင့် လှူဖွယ် ဝတ္ထုများ ကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နေသည့် ကာလတွင် မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍လှူဒါန်းခဲ့သည်။
ထန်တလန်မြို့တွင် ပြည်သူများ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေး စစ်ဆေးဆောင်ရွက်
Aug 04,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာရေး စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ထန်တလန်မြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြသည်။
ဘားအံမြို့နယ် မြပြည်တံတား မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယာယီလမ်းလွှဲ ရေကျော်သဖြင့် တံတားသစ်မှ အမြန်ဆုံးသွားနိုင်ရေး ဆောင်ရွက်
Aug 04,2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် နောင်လုံအရှေ့ကျေးရွာအုပ်စု မြပြည်ကျေးရွာအနီးရှိ မြပြည်တံတားအား တံတားအသစ်တည်ဆောက်နေစဉ် ယာယီလမ်းလွှဲပြုလုပ်ထားသောလမ်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများစီးဆင်းမှုကြောင့် လမ်းလွှဲနေရာ ရေကျော်ခဲ့ပြီး ယာဉ်ကြီးယာဉ်ငယ်များ သွားလာ၍မရတော့သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်စေရေး ယမန်နေ့နံနက်ပိုင်းအချိန်တွင် တံတားအသစ်မှ သွားလာနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ‌‌ရွေးကောက်ပွဲအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေး
Aug 04,2020
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ‌‌ရွေးကောက်ပွဲအတွက် ကောက်ယူထားသော မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနံပါတ် လစ်လပ်နေမှုများအား ကွက်လပ် ဖြည့်သွင်းခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည်က မြောင်းမြမြို့နယ်၊ ဘုရားချောင်းကျေးရွာ အုပ်စုအတွင်း၌ လဝကမှူး ဒေါ်အေးအေးနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။