Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေး ဟားခါမြို့အဝင် လုံခြုံရေးဂိတ်၌ ခရီးသွားပြည်သူများအား စစ်ဆေးမှုများ နေ့စဉ်ဆောင်ရွက်လျက်ရှိ
Mar 27,2020
ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဘက်ပေါင်းစုံမှ နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၇ ရက်နေ့က ဟားခါးမြို့သို့ လာရောက်ကြသည့် ခရီးသွားပြည်သူများကို ဟားခါးမြို့အဝင် လုံခြုံရေး စစ်ဆေးရေးဂိတ်၌ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုများနှင့် ပညာပေးလုပ်ငန်များဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Mar 27,2020
ကိုရိုနာဗိုင်းရပ်စ်(COVID-19) အဆုပ်ရောင်ရောဂါကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ လဝါးပူးပေါင်းစစ်ဆေးရေး လမ်းဆုံဂိတ်၌ ယနေ့နံနက် (၇)နာရီတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် (COVID-19) အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အလှူငွေပေးအပ်
Mar 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် (COVID-19)အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Mar 27,2020
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဖျား တိုင်းတာခြင်း၊ ဆေးပက်ဖြန့်ခြင်း၊ အသိပညာပေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်တွင် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ကျရာနေရာမှ တာဝန်ထမ်းဆောင်ရန် မိမိတို့ဆန္ဒအလျောက်အဆိုပြုထားသည့် ဆရာဝန် ၅ ဦး လုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိ
Mar 27,2020
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ကျရာနေရာမှ တာဝန်ထမ်းဆောင်ရန် မိမိတို့ ဆန္ဒအလျောက် အဆိုပြုထားသည့် ဆရာဝန် ၅ ဦးသည် မတ်လ ၂၅ ရက်နေ့က တီးတိန်မြို့သို့ ရောက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးအပ်သည့် ဆေးပစ္စည်းများ၊ လိုအပ်သည့်အထောက်အပံ့ ပစ္စည်းများကို ပေးအပ်ပြီး တာဝန်ခွဲဝေ၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းအစီအစဉ်ရေးဆွဲကာလူနာကိုစောင့်ကြပ်ကြည့်ရှုခြင်း၊ ကပ်တဲလ်ကျေးရွာသို့ ကွင်းဆင်းခြင်း၊ လူနာနှင့်ထိတွေ့သောသူများနှင့် တီးတိန်ကို နိုင်ငံခြားမှပြန်လာသည့် သူများစာရင်းကောက် ယူခြင်း၊စောင့်ကြည့်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့်ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးရထားဘူတာရုံတွင် ခရီးသည်များအား အပူချိန်တိုင်းတာ စစ်ဆေး
Mar 27,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင် ကာကွယ်ရေးအနေဖြင့် မီးရထားဘူတာရုံတွင်ခရီးသည်များအား အပူချိန်တိုင်းတာ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Mar 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ယနေ့ နံနက်(၇)နာရီအချိန်က ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်ရှိလာသည့် မော်တော်ယာဉ်များတွင် မြို့နယ်အတွင်း နေထိုင်သူများပါရှိခြင်းရှိ/မရှိနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရောဂါကူးစက်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများအပြင် လူစုလူဝေးရှိသည့်နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန်နှင့် သတ်မှတ်စောင့်ကြည့်ကာလ (၁၄)ရက်ကို အသွားအလာကန့်သတ်ပြီး အိမ်၌သီးခြားနေထိုင်ရန် ပညာပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန့်ဟီးရိုးတွင် လူမှုရေးပင်စင်ထောက်ပံ့ကြေးများ အိမ်တိုင်ရာရောက်ပေးအပ်
Mar 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၅)ဦးအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ(၃)လအတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးများကို အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
32136
Page
32137
Page
32138
Page
32139
Current page
32140
Page
32141
Page
32142
Page
32143
Page
32144
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department