သတင်းများ

ဓနုဖြူမြို့တွင် ငါးသဃံဇာတပြန့်ပွားရေးအတွက် စပါးစိုက်ခင်း(၂၂၀)ဧကအတွင်းငါးမျိုးများ စိုက်ထည့်
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည် တိုးပွားစေရေးနှင့် ငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှု မရှိစေရေးအတွက် စပါးစိုက်ခင်း အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၉ နာရီက နန်းတော်ကုန်းကျေးရွာရှိ စိုက်ပျိုးရေး စံပြစပါးစိုက်ခင်းတွင် ကျင်းပသည်။
အမာမြို့၌ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားရှိမှုများ လိုက်လံကြည့်ရှု
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၇ ရက်နေ့အထိ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ကပ်ထားကြေညာပေးလျက် ရှိသည်။
ဖျာပုံမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသောသူများ၊ မဲဆန္ဒရှင်စာရင်းတွင် အကွက်အပေါက်များ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖျာပုံမြို့ နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ကွင်းဆင်း၍ ဖျာပုံမြို့နယ် အပြောင်ကျေးရွာအုပ်စု၌ ယမန်နေ့နံနက်ပိုင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ကာလပုံမှန်ဝင်ငွေမရှိသော အခြခံလူတန်းစား အိမ်ထောင်စု ၉၂ စု အတွက် ဒုတိယ အကြိမ်ထောက်ပံ့ငွေများပေးအပ်
Aug 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ကာလပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၉၂ စုအတွက် ဒုတိယ အကြိမ် ထောက်ပံ့ငွေကျပ် ၁၃သိန်း ကျော်ကို ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးပိုင်ခွင့် မရှုံးဆုံးစေရေး အတွက် ကွင်းဆင်း ဆောင်ရွက်
Aug 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနား မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မရှုံးဆုံးစေရေးအတွက် ဇူလိုင်လ(၂၅) ရက်နေ့မှ သြဂုတ်လ(၇)ရက်နေ့ထိ ပထမအကြိမ် ဆန္ဒမဲရှင်စာရင်း ကပ်ထား ကြေညာထားရှိမှုကို ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် အဖွဲ့(၅)ဖွဲ့ခွဲ၍ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်မြို့ တောရကျောင်းများမှ သံဃာတော်များနှင့် သီလရှင်များအား "မရှိခဏ" ဆေးဖောင်ဒေးရှင်း မှ ဆေးပစ္စည်းများ လှူဒါန်း
Aug 04,2020
ပြည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ပြည်တောင်တန်းတောရ "မရှိခဏဆရာတော် ဦးကုဝေရ ဦးစီးကျင်းပသော "မရှိခဏဆေးဖောင်ဒေးရှင်း" ၏ ဆေးအလှူတော်ပွဲကြီးကို ပြည်မြို့ဘုရင့်နောင်လမ်း ရှိ မရှိခဏကျောင်းတိုက်တွင် ယမန်နေ့မွန်လွဲ(၁)နာရီက ကျင်းပပြုလုပ်သည်။
ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး
Aug 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မိခင်နှင့် ကလေး ကျန်းမာရေး ဌာန၌ ယနေ့ နံနက် ၈ နာရီခွဲက ရပ်ကွက်နှင့်ကျေးရွာများမှ မွေးစမှ အသက် ၁ နှစ်ခွဲအထိ ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါဝင်ခြင်း ရှိ/မရှိ ကြည့်ရှုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာခြင်း၌ မိမိနာမည်ပါဝင်ခြင်း ရှိ/မရှိ ကြည့်ရှုနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နေ့လယ်(၃)နာရီက အင်္ဂပူမြို့ အမှတ်(၁)ရပ်ကွက် ချယ်ရီလမ်းတွင် လမ်းသွား၊ လမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။