သတင်းများ

ပခုက္ကူမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 02,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပသည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲကျင်းပ
Oct 02,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဏာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးလက်ရုံး၌ ကျင်းပခဲ့သည်။
မလှိုင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာ
Oct 02,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ (၃၀) ရက်နေ့ စတင်ကြေညာထားရာ ယမန်နေ့နံနက် (၉) နာရီက မလှိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများထဲမှ အသက် ၁၈ နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အသိပညာပေးဟောပြော
Oct 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌  ယာယီနေရပ်စွန့်ခွာ ပြည်သူများထဲမှ အသက်(၁၈)နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီကမြို့ပေါ် ရပ်ကွက်(၁,၂)တွင်‌ နေထိုင်သောယာယီနေရပ်စွန့်ခွာ ပြည်သူနှင့်‌တွေ့ဆုံကာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းများ ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှု
Oct 02,2025
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
လားရှိုးတွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 02,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး (လားရှိုး) ရှိ ရဲရန်အောင်ခန်းမတွင် ကျင်းပခဲ့သည်။
ဇလွန်မြို့နယ်တွင် ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကြေညာထားရှိမှုအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
Oct 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ကြေညာထားရှိမှုအား တာဝန်ရှိသူများက အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီတွင် မြို့ပေါ်ရပ်ကွက်များတွင် ကြည့်ရူစစ်ဆေးခဲ့ကြ သည်။
တံတားမြို့ရှိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်  မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ
Oct 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ပထမအကြိမ်အဖြစ် မဲစာရင်းကပ်ထားကြေငြာထားရှိခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။