သတင်းများ

ကြာအင်းဆိပ်ကြီးမြို့နယ်၌ မဲပေးပိုင်ခွင့်သူ မဲဆန္ဒရှင် စာရင်းများထုတ်ပြန်ကြေညာ
Oct 02,2025
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာပေးခြင်းကို မြို့ပေါ်ရပ်ကွက်(၆)ခုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး(၃)ရုံး၌ ယမန်နေ့နံနက်ပိုင်းအချိန်မှ စတင်၍ ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
မင်းတုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးအတွက် အသင့်စုဖွဲ့ထားရှိ
Oct 02,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စ္စည်း (၂၂) မျိုး၊ ဖိုက်ဘာစက်လှေ ၁ စီးဖြင့် အသင့်စုဖွဲ့ထားရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
Oct 02,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသော အခါ မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီးသော မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများစာရင်းကို သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် စက်တင် ဘာလ ၃၀ ရက်နေ့မှစ၍ကပ်ထား ကြေညာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ဆေးကုသ
Oct 02,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ စစ်ဆေးပေးခြင်းကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်စစ်ဆေး  ကုသပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများကပ်ထားကြေညာထားရာ မဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိ
Oct 02,2025
မန္တလေးတိုင်း‌ဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများရှိ ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာထားရာ မဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကော့သောင်းမြို့နယ် (၁၀) မိုင် ဥယျာဉ်ခြံတွင် ကြားသီးနှံ (ဝဥ၊ ငရုတ်ကောင်း၊ ဟင်းသီးဟင်းရွက်) စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲဆောင်ရွက်
Oct 02,2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ ကော့သောင်းမြို့နယ်၊ (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံတွင်  ကြားသီးနှံ (ဝဥ၊ ငရုတ်ကောင်း၊ ဟင်းသီးဟင်းရွက်) စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ရာ သရုပ်ပြပွဲသို့ ကော့သောင်း ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ပိုးမွှားထိန်းချုပ်ရေးစခန်း တာဝန်ခံ၊ ခြံဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ မြို့နယ်စာရင်းစစ်ဦးစီးမှူး၊ (၁၀)မိုင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြသည်။
ညောင်တုန်းမြို့နယ်၌ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ
Oct 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိူ့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံအလိုက် ကျေးရွာခွဲများ၌ ကပ်ထားကြေညာခဲ့သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့စားနပ်ရိက္ခာနေ့” အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်
Oct 02,2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့စားနပ်ရိက္ခာနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။