ရွှေတောင်မြို့၌ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပွဲ ကျင်းပ
Oct 02,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ၊ မြေအသုံးချတာဝန်ခံ၊ မျိုးစေ့တာဝန်ခံနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာစုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ၊ တောင်သူများ စုစုပေါင်းအင်အား (၁၃၅) ဦးခန့် တက်ရာက်ခဲ့သည်။