သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် အသည်းရောင်အသားဝါ ရောဂါ (စီ) ပိုး စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အသိပေးဆွေးနွေးပွဲနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) များ ထိုးနှံပေးနေမှု အခမ်းအနား တက်ရောက်
Feb 08,2025
အသည်းရောင်အသားဝါရောဂါ(စီ)ပိုး စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အသိပေးဆွေးနွေးပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင်  ယမန်နေ့ နေ့လယ် ၁ နာရီအချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Feb 08,2025
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေကို ယမန်နေ့ နံနက် ၁၁ နာရီက (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းဌေးတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟိုပုံးတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား နိုင်ငံတော်မှချီးမြှင့်ငွေများပေးအပ်
Feb 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်ချိန်မှစ၍ အာဟာရပြည့်ဝရန်နှင့် မွေးဖွားလာသော ကလေးသူငယ်များအား ကလေးသူငယ်အခွင့်အရေး(၄)ရပ်နှင့်အညီ ကာယ၊ ဉာဏ၊ စာရိတ္တ စိတ်လှုပ်ရှားမှု၊ ခံစားမှုပိုင်းဆိုင်ရာနှင့် ပေါင်းသင်းဆက်ဆံရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို အသက်အရွယ်အလိုက် စနစ်တကျ နည်းလမ်းမှန်ကန်စွာရရှိနိုင်မှုအတွက် ကလေးသူငယ်၏ ရှေးဦးဘဝ ရက်ပေါင်း (၁၀၀၀)အတွင်း အာဟာရပြည့်ဝမှုမှ အရေးကြီးသောအချက်ဖြစ်ပြီး ကောင်းမွန်သော ပတ်ဝန်းကျင်မှ အန္တရာယ်ကင်းစွာနေထိုင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများအား  ချီးမြှင့်ငွေပေးအပ်ခြင်းကို ယမန်နေ့ကစတင်ကာ ဟိုပုံးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့၌ KG ကျောင်းသား/သူများအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်
Feb 08,2025
ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၈)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခဲ့ကြကြောင်း သိရသည်။
(၇၈)နှစ်မြောက် ပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုကုန်စိမ်းပွဲရုံဈေးဖွင့်ပွဲ အခမ်းအနား ကျင်းပ
Feb 08,2025
(၇၈)နှစ်မြောက် ပြည်ထောင်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ လယ်တီရပ်ကွက်၊ ပြည်ထောင်စုကုန်စိမ်းပွဲရုံစေျးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အဆိုပါ ကုန်စိမ်းပွဲရုံဈေးသစ်ကြီးရှိ မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ကုန်စိမ်းပွဲရုံလုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သီတာလမ်းသွယ် - ၄ (ကညနရုံး) ရှေ့လမ်းကတ္တရာလမ်းသစ် ဖွင့်လှစ်
Feb 08,2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ပြီးစီးခဲ့သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာ ရပ်ကွက်အတွင်းရှိ သီတာလမ်း-၄ (ကညနရုံး)ရှေ့လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၇)နာရီက အဆိုပါလမ်းသစ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့နယ် ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာ ပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 08,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် ကောင်းမှုလုံကျေးရွာတွင် တည်ထားကိုးကွယ်သော သမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဌာန်းမြတ်ရွတ်ဖတ်ပူ ဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါ ကောင်းမှုလုံစေတီတော်ရင်ပြင်ရှိ တေဇသာလာဓမ္မာရုံတော်၌ ကျင်းပသည်။
(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆူးလေကုန်းရပ်ကွက်ရှိ ပေပင်ကျောင်းလမ်း၊ ဈေးလမ်း၊ ယွန်းကျောင်းလမ်းနှင့် အောင်မင်္ဂလာရပ်ကွက်၊ မြိုင်ဝေဆာ လမ်းစုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၄ လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 08,2025
(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ပေပင်ကျောင်းလမ်း၊ ဈေးလမ်း၊ ယွန်းကျောင်းလမ်းနှင့် အောင်မင်္ဂလာရပ်ကွက်၊ မြိုင်ဝေဆာလမ်းစုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၄ လမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါလမ်း သစ်မုခ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။