သတင်းများ

မင်္ဂလာဒုံမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့(အကြို) ခွေးရူးရောဂါဆိုင်ရာအသိပညာပေးဟောပြော
Sep 26,2025
ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကကြီးမှူး၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့်(၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မင်္ဂလာဒုံမြို့နယ် အ‌မှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ မြဧရာခန်းမ၌ ကျင်းပခဲ့သည်။
မူဆယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)အဆက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ဆောင်ရွက်
Sep 26,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်(၃)အဆက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဟိုမွန်ရပ်ကွက်၊ ကချင်စာပေယဉ်ကျေးမှုရုံး (မနောကွင်း)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့တွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြော
Sep 26,2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁ဝ နာရီ က ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။
ငါန်းဇွန်မြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး
Sep 26,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ရှင်ပင်ချမ်းသာကြီးဘုရားဝင်းအတွင်းရှိ အေးငြိမ်းချမ်းသာဓမ္မာရုံ၌ စက်တင်ဘာ ၂၆ရက်နေ့ မွန်းလွဲ ၁ နာရီက ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်ကြောင်း သိရသည်။
သာယာဝတီမြို့၌ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅-၂၀၂၆) ဖွင့်လှစ်
Sep 26,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅-၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို သာယာဝတီမြို့၊ အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်း၌ စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မြင်းခြံမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်
Sep 26,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပို့ချသည့် လူသုံးကုန်ထုတ်မှုနည်းပညာသင်တန်းကို စက်တင်ဘာ ၂၆ ရက်နေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
လသာမြို့နယ်၌ ဆုံဆို့မေးခိုင် (DT) ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်း ဆောင်ရွက်
Sep 26,2025
ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက လသာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂၄ ရက် နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
မင်းတုန်းမြို့တွင် တည်းခိုခန်းအဆောက်အဦ မီးဘေးလုံခြုံရေးစစ်ဆေး
Sep 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲတွင် အမှတ်(၃)ရပ်ကွက်ရှိ စံပြမောင်တည်းခိုခန်းအဆောက်အဦအား ဒုမီးသတ်ဦးစီးမှူး ဦးစိုးမင်းနိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြသည်။