သတင်းများ

ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာအုပ်စု၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစိစစ်မှုများအား ကြည့်ရှုအားပေး
Sep 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့်ဆောက်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တော်ကမယ်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားတာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က-မြင်းကဆိပ်၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Sep 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက မြင်းကဆိပ်တိုက်နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (မြင်းကဆိပ်) ၌ ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မန္တလေးမြို့ရှိ ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာတိမ်းရှောင်နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့ပေးအပ်
Sep 25,2025
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ  နေရပ်စွန့်ခွာတိမ်းရှောင်၍ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၌ ယာယီခိုလှုံနေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ပြည်သူများအား ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲက ချမ်း‌အေးသာစံမြို့နယ်၊ ဆူးဖြူ‌ကျောင်းတိုက်၊ ဉာဏဝေပုလ္လဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
ဟင်္သာတမြို့နယ် တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈)ဘီ လီယံမှ မွေးမြူရေးကဏ္ဍချေးငွေအား ဟင်္သာတမြို့နယ်အတွင်းရှိ မွေးမြူသူများသို့  ပေးအပ်ပွဲအခမ်းအနားကျင်းပ
Sep 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈) ဘီလီယံမှ မွေးမြူရေးကဏ္ဍချေးငွေအား ဟင်္သာတမြို့နယ်အတွင်းရှိ မွေးမြူသူများသို့ ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး အစည်းဝေးခန်းမ၌ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲခဲ့သည့် မင်းလှမြို့နယ် ကိုယ်စားပြုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ
Sep 25,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲပြီး တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် မင်းလှမြို့နယ်ကိုယ်စားပြုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နံနက်ပိုင်းက မြို့နယ်စည် ပင်သာယာရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြို့ပင်ကောက်မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံ ၉၂၄၇၈ ဧက စိုက်ပျိုးပြီးစီး
Sep 25,2025
ပဲခူးတိုင်း‌ဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ၉၂၄၇၈ ဧက လျာထားစိုက်ပျိုးခဲ့ရာ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းယောင်းမြို့၌ World Rabies Day အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ
Sep 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၁၉)ကြိမ်မြောက် World Rabies Day အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းယောင်း)၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 25,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၁၀ နာရီက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦအေးကိုနှင့် အဖွဲ့ဝင်များ နိုင်ငံရေးပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။