သတင်းများ

နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Sep 25,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ရှိ ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
မိုးနဲမြို့နယ်၌ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်းသို့ မိုဘိုင်း Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း
Sep 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန် ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၁၀) နမ့်ဟူးပစ် အခြေခံပညာမူလတန်းကျောင်း၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြသည်။
လင်းခေးခရိုင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Sep 25,2025
လင်းခေးခရိုင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက လင်းခေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီ အချိန်က မိုင်းခတ်မြို့နယ် အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ(အ.ထ.က) မိုင်းခတ်‌ကျောင်းသား ကျောင်းသူလေးများက Fitness Dance အကနှင့်ထာဝရ မြန်မာသီချင်းဖြင့် ကပြဖျော်ဖြေပြီးပြိုင်ပွဲကို ဖွင့်လှစ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ‌မိုးသည်းထန်စွာရွာသွန်းမှု‌ကြောင့် ရေကျော်ခဲ့သည့်လမ်းများ သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး
Sep 25,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက် သစ်တောလမ်း၌ စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လမ်းမပေါ်ရေကျော်ကာ တင်ကျန်ခဲ့သည့် နုန်းမြေများ ဖယ်ရှားရှင်းလင်းနေမှုနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်များပိတ်ဆို့မှုမရှိ‌ရေး စနစ်တကျရှင်းလင်းဖယ်ရှားရန်တို့ကို မှာကြားခဲ့သည်။
ကော့ကရိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ် 
Sep 25,2025
ကရင်ပြည်နယ် ကေ့ာကရိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက  ဒေါနခန်းမ၌ ကျင်းပသည်။အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမြင့်ထွန်းက ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍  အမှာစကားပြောကြားသည်။
တောင်ကြီးမြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေး
Sep 25,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ မိုးစပါးများ အောင်မြင်ဖြစ်ထွန်းနေ
Sep 25,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးရန် (၆၄၁၂၆)ဧကလျာထားရာ (၆၄၂၀၁)ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။