Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကျောက်တလုံးကြီးမြို့၊ ထီရီးကျေးရွာတွင် ဒေသဖွံ့ဖြိုးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 25,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများမှ တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စု၊ ထီရီးကျေးရွာသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 25,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ(၂)နာရီက အခြေခံပညာနှင့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုဒေသထွက် သဘာဝပျားရည်စစ်စစ်များ ဈေးကောင်းရရှိ
Sep 25,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများမှထွက်ရှိသည့် ပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာ၀ပျားရည် စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချသည့်အတွက် ယခုအချိန်တွင် လိပ်သိုဒေသထွက် ပျားရည်များ ဈေးကောင်းရရှိနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံပညာကျောင်းသားအားကစား (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်
Sep 25,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီးအဆင့်အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသားအားကစား (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
Sep 25,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မွန်စိုးရီလမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာ စိုးသူအောင် ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃) ရပ်ကွက်၊ ရှစ်မျက်နာဘုရားကြီးဓမ္မာရုံအတွင်း၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ မဲစာရင်းပြုစုခြင်းနှင့်ကပ်ထားကြေငြာခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 25,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မဲစာရင်းပြုစုခြင်းနှင့်ကပ်ထားကြေငြာခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေမျိုးနှင့်အဖွဲ့ဝင်များ ကော်မရှင်အဖွဲ့ဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ
Sep 25,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၊ အမှတ်(၁)ရပ်ကွက်၊ လောကနတ်ခန်းမ၌ စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၈ နာရီက မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး
Sep 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
930
Page
931
Page
932
Page
933
Current page
934
Page
935
Page
936
Page
937
Page
938
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department