သတင်းများ

(၁၀−၄−၂၀၂၆)ရက်နေ့ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်
May 07,2026
(၁၀−၄−၂၀၂၆) ရက်နေ့ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ ပြည်သူများအားတီဘီရောဂါရှာဖွေဖော်ထုတ် ကွင်းဆင်း‌ဆေးကုသ
May 07,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်ပြည်လုံးအံ့ ဓမ္မာရုံတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(ဗဟို-မန္တလေးရုံးခွဲ)နှင့် မဟာအောင်မြေပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ တီဘီရောဂါ ရှာဖွေဖော်ထုတ်ကုသပေးခြင်း၊ (အခမဲ့)ဆေးကုသပေးခြင်းလုပ်ငန်းများကို ယမန်နေ့နက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ ကျင်းပ
May 07,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ ထိန်းသိမ်းတတ်စေရန်နှင့် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တတ်စေရန်တို့အတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက သီပေါမြို့နယ် ဘော်ကြိုကျေးရွာ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံ၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေး(Training of Trainers) သင်တန်းဖွင့်လှစ်
May 07,2026
ကရင်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများ‌ ပေါ်ထွန်းလာစေရေးအတွက် (Training of Trainers)သင်တန်းကို မေ ၅ ရက် နံနက်ပိုင်း က ဘားအံခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ဖွင့်လှစ်သည်။
တနိုင်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့်ပြည်သူများအား နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
May 07,2026
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှုကို ယမန်နေ့ နံနက်ပိုင်းက ကင်ဆားရာကောင်းရပ်ကွက်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းအမှတ်စဉ် (၁ / ၂၀၂၆ - ၂၀၂၇) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
May 07,2026
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းအမှတ်စဉ် (၁ /၂၀၂၆ - ၂၀၂၇) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရွှေဘိုမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်​ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 07,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်​ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀) အချိန်တွင် ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ
May 07,2026
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေ ၆ ရက် မွန်းလွဲပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ သဘင်ဆောင်၌ ကျင်းပသည်။