အင်းနို့သိပ္ပံ-နောကော ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အင်းနို့သိပ္ပံ-နောကော ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါလမ်းမပေါ်၌ ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များက တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။