တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း (ဒုတိယအသုတ်၊ (ပထမအကြိမ်) အဖြစ် ဆက်လက်ထိုးနှံပေး
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမအတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း (ဒုတိယအသုတ်၊ (ပထမအကြိမ်) အဖြစ် ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စုနှင့် သကျက်ကျေးရွာအုပ်စုတို့မှ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများကို ယမန်နေ့နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ထိုးနှံပေးရာ လူဦးရေ(၁၅၄)ဦးက ကျန်းမာရေးနှင့် အားကစား ဝန်ကြကီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ လာရောက်ထိုးနှံကြသည်။