ဥတ္တရခရိုင်တွင် ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်း(၁/၂၀၂၁)ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းကို ယနေ့ နံနက် ၈ နာရီက ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအတွင်းရှိ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်တပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်အတွင်းရှိ ၀န်ထမ်း(၆၆၉)ဦးအား (ပထမ)အသုတ်၊ကိုဗစ်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းစတင်ဆောင်ရွက်

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း တာ၀န်ထမ်းဆောင်လျက်ရှိသော ၀န်ထမ်း(၆၆၉)ဦး အား ခုတင်(၂၀၀)ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ယနေ့နံနက် (၀၉:၀၀)နာရီမှ စ၍ (ပထမ) အသုတ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအား စတင်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ မှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စု(၃၈၇၂)စု၊လူဦးရေ(၁၈၄၄၆)ဦး အကျိုးပြုမည့် ကျေးရွာ(၁၅)ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမိကိန်းများဆောင်ရွက်လျှက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အိမ်ထောင်စု(၃၈၇၂)စု၊လူဦးရေ(၁၈၄၄၆)ဦး အကျိုး ပြုမည့် ကျေးရွာ(၁၅)ရွာအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်သည့် ကျေးရွာတွင်းလမ်းများအား ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် အသုံးပြငွေ(၁၈.၄၃)ကျပ်သန်းဖြင့် အရှည်ပေ(၁၀၀၅)ပေ၊ အနံ(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာထွက် ထန်းလက်ကုလားထိုင်များ ရောင်းအားကျဆင်းနေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အင်တော ကျယ်ကျေးရွာသည် ထန်းလက်ကုလားထိုင်အမြောက်အများပြုလုပ်ရောင်းချသည့်ကျေး ရွာဖြစ်ကာ ယခုနှစ်တွင်ထန်းလက်ကုလားထိုင်များ လာရောက်ဝယ်ယူမှုနည်းသည့်နှစ်တ နှစ်ဖြစ်ကြောင်း ကုလားထိုင်ပြုလုပ်ရောင်းချသည့် ဦးဝင်းနိုင်ထံကသိရသည်။

မြောင်းမြမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံပေး

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်ခရိုင် /မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ မြရွှေဝါအစည်းအဝေးခန်းမ၌ စုရပ်ပြုလုပ်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဖာပွန်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၁) ဖွင့်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ယွန်းစလင်း ခန်းမ၌ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအား ယနေ့ နံနက်ပိုင်း တွင် စစ်တွေမြို့ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ရုံးခန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD)ကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်၌ နွေနှမ်းနှင့်ပဲတီစိမ်းများ စတင်စိုက်ပျိုးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ယခုနှစ် နွေသီးနှံ စိုက်ဧက (၁၄၅၀၀)ဧက စိုက်ပျိုးရန်အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပေးဝေလျက်ရှိရာ တောင်သူများ အနေဖြင့် နွေသီနှံများဖြစ်သည့် နွေနှမ်းများနှင့် ပဲတီစီမ်းသီးနှံများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အင်းစိန် မြို့နယ်၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတွင် ထိုးနှံခဲ့ကြောင်း သိရသည်။

မိုင်းယောင်း၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများ(မူလတန်း) စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာကျောင်းအုပ်ကြီးများ(မူလတန်း) မြို့နယ်အဆင့် စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယနေ့ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Subscribe to