မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်(၈)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်မြေခံတပ်ရင်း တပ်ဖွဲ့များနှင့် ပြည်သူများထံအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

၇၆နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ၂၀၂၁ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၆နှစ်မြောက်သတင်းစကား လက်ကမ်း စာစောင်များကို နံနက် ၉နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မင်းဘူး(စကု)မြို့နယ်ကျောက်တန်းကျေးရွာ၌ ဖူးစားပြောင်းစိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် အပူချိန်မြင့်မားပြီး အချိန်နောင်းသလိုလို ရှိသော်လည်း စိုက်ပျိုးလိုက်သည့်အခါ ပြောင်းဖူးပင်များ အောင်မြင်ဖြစ်ထွန်းပြီး အဖူးအပွင့်များ ဝေဆာကာ ဖွံ့ထွားမှုများ ရှိသောကြောင့် ဖူးစားပြောင်းများကို ထပ်မံ စိုက်ပျိုးသူများလည်းရှိကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။

သထုံမြို့နယ်တွင် သံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

မွန်ပြည်နယ် သထုံမြို့နယ်တွင် သံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သထုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များက ရပ်ရွာတည်ငြိမ်အေး ချမ်းရေးအတွက် စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့နယ်ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးဝင်းအတွင်းရှိ မနောရွှေပြည် ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အဖွဲ့ဝင်(၄)ဦးစောခင်မောင်မြင့်၊ အဖွဲ့ဝင်(၅) ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသ ဖွံ့ဖြိုးရေးအတွက် တည်ဆောက်‌ရေး လုပ်ငန်းများ နှင့်ပတ်သက်၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တိန်ညိုကျေးရွာတိုက်ပွဲရှောင်စခန်းရှိ မီးဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့်တစ်ပတ်စာ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာ၌ မတ်လ ၁၇ ရက်နေ့ ညနေပိုင်းက ပေါ့ဆမီးကြောင့် တိုက်ပွဲရှောင်စခန်းရှိ အဆောက်အဦ (၆၆၃)လုံး မီးလောင်ကျွမ်းခဲ့ရာ စခန်းအတွင်းရှိ မီးဘေးသင့်အိမ်ထောင်စု ၆၆၃ စုမှ လူဦးရေ ၂၅၆၅ ဦးအတွက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ငွေနှင့်တစ်ပတ်စာ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းအစည်းအဝေး ခန်းမအတွင်း၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်၌ နွေရာသီရေရှားပါးမှု ကင်းဝေးစေရေး ရေပေးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သံတွဲမြို့နယ်သံတွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ရေရှားပါးသောကျေးရွာများ သောက်သုံးရေလုံလောက်မှု ရရှိစေရေး၊ နွေရာသီရေရှားပါးမှုကင်းဝေးစေရေးအတွက် ရေပေးရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ဆရာတော်၊ သံဃာတော်များကို လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် ဆေးရုံအခြေပြု စတင်ထိုးနှံခြင်းအား ယနေ့ နံနက် ၈ နာရီက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုရပ်အဖြစ် စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to