အိမ်မဲမြို့မစျေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် ရွာသစ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ စတုမာလာမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားဝန်ထမ်းများအတွက် ဖေဖော်ဝါရီလ ပင်စင်လစာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ပထမအကြိမ်အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ ပထမအကြိမ် အစည်းအဝေးကို ယမန်နေ့ နေ့လယ်၂နာရီကမြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ များပေးအပ်

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော်သားများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဝိုင်းမော်မြို့ အမှတ်(၂)စည်ပင်သာယာဈေး တည်ဆောက်ပြီးစီးသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်၌ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ်(၂)ဈေး တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ထံ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဝိုင်းမော်မြို့ အမှတ် (၂)ဈေးတည်ဆောက်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများတို့က ဝိုင်းမော်မြို့ အမှတ် (၂)ဈေး တည်ဆောက်ခဲ့ရသည့် အခြေအနေ၊ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် တည်ဆောက်ပြ

မော်လမြိုင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာများကို အေးချမ်းစွာ ထုတ်ယူလျက်ရှိ

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မြန်မာ့ စီးပွားရေးဘဏ်(၁)(၂)တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ အငြိမ်းစား ဝန်ထမ်း များသည် ပင်စင်လစာများကို အေးချမ်းစွာ ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်စေ့စပ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ ဖွဲ့စည်းပြီး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် မငြိမ်သက်မှုဖြစ်စဉ်များတွင် ထိခိုက်မှု အနည်းဆုံးဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်စေ့စပ်ညှိနှိုင်း ဖြန်ဖြေရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ပြည်နယ် ကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉နှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ စည်းကမ်းသက်မှတ်ချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးနေမှုကို လစဉ် (၂၁)ရက်မှစ၍ လမကုန်ခင်တစ်ရက်အထိ ထုတ်ပေးလျက်ရှိသည်။

ပင်းတယမြို့၌ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)များ၏ ဖေဖော်ဝါရီလအတွက် ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိ ရပ်ကွက်/ ကျေးရွာများတွင် နေထိုင်ကြသည့်နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)များ၏ ဖေဖော်ဝါရီလအတွက် ပင်စင်လစာများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Subscribe to