ရှမ်းပြည်နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်း

ရှမ်းပြည်နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြချက်နှင့် လမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု တင်ပြခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပခဲ့သည်။

မိုင်းရယ်မြို့နယ်တွင် ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

နိုင်ငံတစ်ဝှမ်းရှိ(အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအတွက် ပင်စင်လစာကို ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ထုတ်ပေးလျက်ရှိရာ မိုင်းရယ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိသည်။

တန့်ယန်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာကို မြို့နယ်ရှိ မြန်မာ့စီပွားရေးဘဏ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိသည်။

မိုးနဲမြို့ တိုင်းရင်းသားသုဿန်အတွင်း မီးသင်္ဂြိုဟ်စက် ရာနှုန်းပြည့်တည်ဆောက်ပြီစီး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် တိုင်းရင်းသားသုဿန်ဝင်းအတွင်း မီးသင်္ဂြိုဟ်စက်ကို တည်ဆောင်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် မီးသင်္ဂြိုဟ်စက် ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ဆီဆိုင်မြို့နယ်တွင် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာခြောက်ရွာအကျိုးပြုသည့် ကျေးရွာချင်းဆက် မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ဖေဖော်ဝါရီ ဒုတိယပတ်တွင် မြို့နယ်အဆင့် အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။

သံဖြူဇရပ်မြို့နယ်အတွင်းအငြိမ်းစားဝန်ထမ်းများပင်စင်လစာများကိုအေးချမ်းစွာထုတ်ယူလျက်ရှိ

မွန်ပြည်နယ်မော်လမြိုင်ခရိုင်သံဖြူဇရပ်မြို့နယ်အတွင်းရှိအငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာများကိုမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင်ဖေဖေါ်ဝါရီ(၂၂)ရက်နေ့မှစတင်၍ထုတ်ပေးလျက်ရှိရာအငြိမ်းစားဝန်ထမ်းများသည်ပင်စင်လစာများကိုအေးချမ်းစွာထုတ်ယူလျက်ရှိကြောင်းသိရသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၃၃)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာ နိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၃)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က (၁၀)ဦးနှင့် ယနေ့ နေ့လယ်(၁)နာရီအချိန်က(၂၃)ဦး စုစုပေါင်း နေရပ်ပြန် ပြည်သူ(၃၃)ဦးအား လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

ဘီးလင်းမြို့မြန်မာ့စီပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန် ထုတ်ပေး လျက်ရှိ

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများမှပင်စင်စားပြည်သူများအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားပြည်သူများအားဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက စတင်၍ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများကို ပုံမှန်ထုတ် ပေးနေလျက် ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to