ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၅)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသက်ဦးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ဖေဖော်ဝါရီလ(၁၈)ရက်နေ့က (၁၈)ဦးနှင့် ယနေ့နံနက်(၁၁)နာရီအချိန်က(၁၇)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၃၅)ဦးအား လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ကျေးဇူးရှင်ကုံလုံကျောင်းဆရာတော် ရုပ်ကလာပ်တော်ထားရှိရာ စဉ့်စံကျောင်းတော်အားပြန်လည်ဖွင့်လှစ်

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ထယ်သွန်း ကျေးရွာအနီး ကုံလုံကျောင်းတိုက်ရှိ ကျေးဇူးရှင်ကုံလုံကျောင်းတိုက် ဆရာတော်၏ ရုပ်ကလာပ် တော်ထားရှိရာ စဉ့်စံကျောင်းတော်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ယနေ့ နံနက် ၉ နာရီအချိန်က ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်

မြို့ပြနှင့်ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရာသီမရွေးသွားလာနိုင်သော လမ်းပန်းဆက်သွယ်ရေးကဏ္ဍ များ ပိုမိုချိတ်ဆက်ပြီး တိုးတက်ကောင်းမွန်စေရေးအတွက် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများကို နှစ်စဉ်ဘဏ္ဍာရေးနှစ် အလိုက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတား လုပ်ငန်းတာဝန်ခံအဖွဲ့မှ အရှိန်အဟုန် မပျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကျေးလက်ဒေသများ၏ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍအနေဖြင့် ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ကယားပြည်နယ်အတွင်း ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ၊ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မိုင်းဆတ်မြို့၌ ဝမ်ကောင်း-မာမူအဲ-ပါမူကျေးရွာချင်းဆက် ကျောက်ခင်းလမ်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ် ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဝမ်ကောင်း-မာမူအဲ-ပါမူကျေးရွာချင်းဆက် ကျောက်ခင်းလမ်းဆောင်ရွက်နေမှုကို ယမန်နေ့က ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတို့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများ  အဆင်ပြေစေရေး မိသားစုအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ဆီလိန်ခမ်းလူမှုကူညီရေးအသင်းမှ နမ္မတူမြို့နယ်အတွင်း လာရောက်ခိုလှုံလျက်ရှိသော ယာယီတိုက်ပွဲရှောင်ပြည်သူများအား မိသားစုအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ဖေဖော်ဝါရီလ (၁၆)ရက်နေ့ ညနေ (၄)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် တရားလွှတ်တော် ဆောက်လုပ်ခြင်း လုပ်ငန်းကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးငွန်ဆန်းအောင်သည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတိုးဝင်း၊ ကောင်စီဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ ချင်းပြည်နယ် တရားလွှတ်တော်ဆောက်လုပ်ရေး လုပ်ငန်းကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကလောမြို့၌လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားရာ လူ(၃)ဦးဒဏ်ရာရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့ အမှတ်(၁၀)ရပ်ကွက် ချယ်ရီလမ်း တွင် ယမန်နေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က ဖယောင်းတိုင်အား အောက်ခံခွက်မပါဘဲ ဘုရားမီးပူဇော်ရာမှနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားရာ လူ(၃)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
Subscribe to