ရှမ်းပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် တက်ရောက်

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ချင်းရွှေဟော်၌ နေရပ်ပြန်ပြည်သူ(၆၇)ဦးအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်   နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့၊မြို့တော်ခန်းမ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် သီးခြားထားရှိပြီး ချင်းရွှေဟော်နယ်မြေခံ စကခ(၁)၊ကျောက်မဲ၊ အမှတ်(၁၀)စစ်မြေပြင် ဆေးတပ်ရင်း၊ အမှတ်(၂)တပ်ခွဲမှ ဆေးမှူးဆရာဝန် ဗိုလ်ကြီးဌေးဦးနှင့်အဖွဲ့၊ အမှတ်(၂၃၉)၊ ခြေလျင်တပ်ရင်း၊ ဆေးတပ်စုမှဆေးမှူး ဗိုလ်ကြီးချမ်းငြိမ်းဆွေနှင့်အဖွဲ့က ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့်  ယမန်နေ့နံနက်(၁၁)နာရီအချိန်တွင် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားအား ပြန်လည်ဖွင့်လှစ်

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ရှေးဟောင်း သမိုင်းဝင်ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားအား ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်ကာလ မှစ၍ ယာယီပိတ်ထားခဲ့ရာ ယနေ့ ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြန်လည် ဖွင့်လှစ်ပြီ ဖြစ်ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌   ကလေးသူငယ်များအား ဗီတာမင်အေနှင့်သန်ချဆေးတိုက်ကျွေး

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ အသက်နှစ်နှစ်မှ ငါးနှစ်အောက် ကလေးသူငယ်များအား သန်ချဆေးနှင့် အသက်ခြောက်လမှ ငါးနှစ်အောက် ကလေးသူငယ်များကို ဗီတာမင်အေဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့၌ ဖရဲသီးများ ခူးဆွတ်ရောင်းချနေပြီဖြစ်၍ ဝယ်ယူစားသုံးသူများပြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ တစ်ပိုင်တစ်နိုင် ဖရဲစိုက်ခင်းမှ ဖရဲသီးများ ခူးဆွတ်ရောင်းချနေကြပြီဖြစ်ရာ ဝယ်ယူစားသုံးသူ များပြား၍ ဖရဲသီးများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ရုံးအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁)ကျင်းပ

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်လှူဒါန်းသော ဆွမ်းဆန်တော်များအား စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက လေးကျွန်းမြေအုဠ်ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဖာပွန်မြို့၌ ကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် (၅) နာရီခွဲအချိန်က ဖာပွန်မြို့၊ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှေ့ ဘောလုံးကွင်း၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုစစ်ရေးပြအဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံနှင့် ကျဆုံးနေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ခဲ့ကြသည်။
Subscribe to