ငဖဲမြို့ မြို့ပေါ်ရပ်ကွက်အားလုံးကို အသွားအလာ တားမြစ်ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထုတ်ပြန်

မကွေးတိုင်းဒေသကြီး ငဖဲမြို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့်ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးတို့အတွက် ငဖဲမြို့ မြို့ပေါ်ရပ်ကွက်အားလုံးကို ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်၍ အသွားအလာတားမြစ် ကန့်သတ်နယ်မြေများ အဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာအနီး ဒေသအခေါ်(ငါးစရံ့နီချောင်း)ထဲတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံးနေကြောင်း သတင်းအရ ယမန်နေ့ မွန်းလွှဲပိုင်းက မောတောင်နယ်မြေစခန်း စခန်းမှူးနှင့်တာဝန်ရှိသူများသည် သက်သေများဖြစ်ကြသော ချောင်းလမုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး တို့နှင့်အတူ သွားရောက်စစ်ဆေးရာ ချောင်းလမုကျေးရွာနေ ဦးအောင်ကျော်လွင်သည် နေအိမ်၏ယာဘက်ကိုက် (၅၀) ခန့်အကွာရှိ ဒေသအခေါ် ငါးရံ့နီချောင်းကမ်းစပ်၌ မှောက်လျက် အနေအထားဖြင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ရေနစ်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။

တနင်္သာရီ၌မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း နှစ်ပတ်လည်သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သော မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက်

ကော့ကရိတ်မြို့၊ လောင်းကိုင်ကျေးရွာတွင် လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီး၍ (၂၄)နာရီ မီး ရရှိ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် လောင်းကိုင်ကျေးရွာ ရွာတွင်းလျှပ်စစ်မီးရရှိခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့၌ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းသိရပါသည်။

ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် လာမည့်အစိုးရသက်တမ်းအတွက် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာ ပေးခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နေ့လည် ၁ နာရီအချိန်က ညောင်ဇင်ရပ်ကွက် ဧမာနွေလခန်းမဆောင် ၌ ပြုလုပ်သည်။

နန်းမယ်ခုံမြို့တွင် နှာခေါင်းစည်း တပ်ဆင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက နန်းမယ်ခုံမြို့ မြို့အုပ်ချုပ်ရေးမှူးရုံးရှေ့ ဒီးမော့ဆို-မိုးဗြဲ သွားလမ်းမပေါ်၌ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် ညောင်ပင်သာကျေးရွာသို့ ညောင်ဦးခရိုင်မီး သတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့မှ သွားရောက်ရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်ရှိ ညောင်ပင်သာ ကျေးရွာသို့ ခရိုင်မီသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက ယနေနံနက် ၈နာရီခွဲအချိန်က ခရိုင်မီးသတ် တပ်ဖွဲ့ ဦးထက်အောင်(လက်ထောက်ညွှန်ကြားရေး မှူး)ဦးထက်အောင် ဦးဆောင် သော မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေရှားပါးပြီး အကူအညီတောင်းလာ သောကြောင့် သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ပုလောမြို့နယ် ကျောက်လုံးကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အဖွဲဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ် ဖွဲ့စည်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊ ကျောက်လုံးကြီး ကျေးရွာအုပ်စုတွင် ယနေ့ နံနက် ၉ နာရီက အုပ်ချုပ်ရေးမှူးရွေးချယ်ရန် အတွက် အဖွဲ့ဝင်(၅) ဦးပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့ရွေးချယ်ခြင်းကို ယနေ့ ဖွဲစည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်တံခါးမြို့နယ်မှ ပရဟိတလူမှု​ရေး အသင်းအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်​နေ့ ကိုဗစ်-၁၉ကြိုတင် ကာကွယ်​ရေးလုပ်ငန်းများတွင် ပူး​ပေါင်း ပါဝင် ဆောင်ရွက်လျှက်ရှိသည့် ပရဟိတအဖွဲ့ဝင်များအား ကိုဗစ် - ၁၉​ရောဂါကာကွယ်​ဆေး စတင်ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် မေတ္တာရှင်နာ/ကူအသင်းမှ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် မေတ္တာရှင်နာရေးကူညီမှုအသင်းမှ စေတနာ့ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နေ့လည် ၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စတင် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to