ကော့ကရိတ်ခရိုင်၌ အစိုးရစက်မှုလက်မှုသိပ္ပံစာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ယာဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာ အခမ်းအနားပြုလုပ်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အစိုးရစက်မှု လက်မှုသိပ္ပံ၊ RCC(၃)ထပ် စာသင်ဆောင်နှင့် ဝန်ထမ်းအိမ်ယာ(၄)ခန်းတွဲအဆောက်အအုံသစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းကို တံတန်ကူးကျေးရွာတွင် ယမန်နေ့ နံနက်(၁၀)နာရီ တွင် ပြုလုပ်ခဲ့သည်။