ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ(Center)အဆောက်အဦမြေနေရာကို ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ကွင်းဆင်းကြည့်ရှု

ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ(Center)အဆောက်အဦ မြေနေရာအား ချင်းပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ဒုတိယဥက္ကဌ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်သူဇာ၊ ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ဆလိုင်းထန်းနိုင်းနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

နမ့်ဆန်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကြိုတင်စာရင်းကောက်ယူရေး ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူများအား ကြိုတင်စာရင်း ကောက်ယူခြင်း ဆိုင်ရာ ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ပြုလုပ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ်​ ကျေးလက်​ဒေသဖွံ့ဖြိုး​ရေးနှင့်ဆင်းရဲမှု​လျော့ချ​ရေး ရန်ပုံ​ငွေပထမအကြိမ်​ပေးအပ်

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာ​ရေးနှစ် ​ကျေးလက်​ဒေသဖွံ့ဖြိုး​ရေးနှင့်ဆင်းရဲမှု​လျော့ချ​ရေး ပထမ အကြိမ် ရန်ပုံ​ငွေ​ပေးအပ်ခြင်းကို ယ​နေ့နံနက်၁၀နာရီခွဲ အချိန်က ​ကော့ကရိတ်မြို့နယ် အ​ထွေ​ထွေ အုပ်ချုပ်​ရေး ဦးစီးဌာန အစည်းအ​​​ဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအတွက် လူဦးရေစာရင်း ကောက်ယူ ထားရှိမှုနှင့် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းအစည်းအဝေး ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းအစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီခွဲအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီတို့မှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်မည့်မြေနေရာ ပန္နက်တင် အခမ်းအနား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်မည့်မြေနေရာ အဆောက်အဦ ပန္နက်ရိုက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က အဆိုပါနေရာတွင် ကျင်းပခဲ့ပြီး အခမ်းအနားကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ်(၁)ဦးစိုင်းနောင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဒေါ်ပါယို့ နှင့် ကုမ္ပဏီမှတာဝန်ရှိသူတို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် နောင်‌ကျော့ရပ်ကွက်နှင့် လွိုင်ချို-ကုန်းလွန်း ကျေးရွာအုပ်စုတို့တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်နှင့် ကျေးရွာ အုပ်စုတို့တွင် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးယဉ်ပါး တီဘီရောဂါရှိ၊ မရှိ ရှာဖွေစစ်ဆေး ကုသရေးစင်တာတွင် တီဘီလူနာများ အား အခမဲ့ကုသပေး

ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ဆေးယဉ်ပါး တီဘီရောဂါရှိ၊ မရှိ စစ်ဆေး ရှာဖွေနိုင် သည့် Gene X-Pert စက်နှင့် ကုသရေးစင်တာကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ ဒလမြို့နယ်အပါအဝင် တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ် တို့ရှိ လူနာများအား ရှာဖွေစစ်ဆေးကုသမှု လုပ်ငန်းများ ကို အခမဲ့ဆောင်ရွက် ပေးလျက်ရှိသည်။

ပွင့်ဖြူမြို့နယ် အနောက်အင်းကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်လမ်းခင်းကျင်းနေမှု ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု၊ အနောက်အင်းကုန်းကျေးရွာတွင် ဒေသခံကျေးလက်နေ ပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်းမြေသားလမ်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်မှု ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီရေး ဇန်နဝါရီ ၂၉ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်ဝေဇင်ဝင်း (အငယ်တန်းအင်ဂျင်နီယာ - ၂)နှင့် ဝန်ထမ်းများ အဖွဲ့က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနား ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်မြတ်ထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကော်မတီဝင်များ တက်ရောက်ခဲ့သည်။

ရေးမြို့နယ်တွင် မြစ်သဲ၊ ကျောက်နှင့် အုတ်ဖုတ်လုပ်ငန်း လိုင်စင် (သက်တမ်းတိုး) လျှောက် ထားခြင်း မြေပြင် ကွင်းဆင်းစိစစ် ဆောင်ရွက်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်၊ ရပ်ကွက်/ ကျေးရွာများမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အတွင်း မြစ်သဲ၊ ကျောက်နှင့် အုတ်ဖုတ်လုပ်ငန်းလိုင်စင် (သက်တမ်းတိုး) လျှောက်ထားခြင်းကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ယမန်နေ့၊ မွန်းလွဲ (၃) နာရီခွဲက လုပ်ငန်းများတည်ရှိရာ နေရာများသို့ မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to